ဘန်ကောက်မှာနှာခေါင်းပြင်နေတဲ့ နေဆန်းအတွက် ရုပ်ပြောင်းမှာ စိတ်ပူနေတဲ့ ပရိသတ်များ “

ဘန်ကောက်မှာနှာခေါင်းပြင်နေတဲ့ နေဆန်းအတွက် ရုပ်ပြောင်းမှာ စိတ်ပူနေတဲ့ ပရိသတ်များ “

နေဆန်းကတော့ မွန်တိုင်းရင်းသားလေး တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာတာပဲဖြစ်ပြီး ဟာသဗီဒီယိုလေးတွေအပြင် ပညာပေးဗီဒီယိုလေးတွေကိုလည်းတင် ဆက်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယို ဇာတ်လမ်းလေးတွေကို ပရိသတ်တွေက အချိန်နဲ့တပြေးညီ စောင့်ကြည့်အားပေးရတဲ့အထိ ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။

နေဆန်းဟာ အလှူအတန်းတွေလည်း မကြာမကြာ ပြုလုပ်လေ့ရှိဖြစ်ပြီး မွန်ပြည်နယ် ၊ မော်လမြိုင်မြို့က Food Boxမှာ မုန့်တွေကိုသွားရောက်လှူဒါန်း ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပြီး စကားပြောပွင့်လင်း ရိုးသားတဲ့သူ့ကို မိန်းကလေးပရိသတ်တွေကလည်း အမှန်အကန်အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။မိဘအပေါ်မှာလည်း သိတတ်ကာ အလုပ်အကျွေးပြုစုနေသူဖြစ်တဲ့နေဆန်းကတော့ မွေးနေ့မှာ သူ့ရဲ့အနုပညာကြေးတွေကို စုဆောင်းကာ သိန်း(၁၀၀) ကို ကန်တော့ခဲ့သေးတာပဲ ဖြစ်ပါတယ်။မကြာမီက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင် သွားရောက်ကာ အလှူအတန်းတွေ ပြုလုပ်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ သွားရောက်ကာ ခွဲစိတ်မှုတစ်ခုကို ပြုလုပ်ေ နတာလို့သိရပါတယ်။ စိတ်တဲ့အကြောင်းအရင်းကတော့ နှာခေါင်းခွဲစိတ်မှုပြု လုပ်ခဲ့တာပဲ ဖြစ်ပြီး သူ့ရဲ့ ပရိသတ်တစ်ချို့ကတော့ စိုးရိမ်နေပေမယ့် နေဆန်းကတော့ ” အဆင်ပြေပါတယ် စိတ်ပူပေးလို့ကျေးဇူးပါ ” ဆိုပြီး သူ့ရဲ့ပရိသတ်တွေကို ပြန်လည်ဖြေ ကြားထားတာပဲ ဖြစ်ပါတ ယ်။ရုပ်အပြောင်းအလဲ ဖြစ်မှာစိုးရိမ်နေတဲ့ ပရိသတ်တွေအတွက်လည်း ” အရမ်းကြီးရုပ် မပြော င်း ထားပါဘူးးးနော် အရင်လိုနေဆန်းပါပဲလို့ ” ဆိုပြီး ရှင်းပြထားပါသေး တယ်။CeleGabar ပရိသတ်ကြီးလည်း ပိုချောလာမယ့် နေဆန်းအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။

credit – celegabar]

Comments are closed.