ချစ်သူဆီက ရတဲ့ စာတစ်စောင်ေ ကြာင့် အရူးအမူးဖြစ်နေတဲ့ ထွန်းထွန်း

ချစ်သူဆီက ရတဲ့ စာတစ်စောင်ေ ကြာင့် အရူးအမူးဖြစ်နေတဲ့ ထွန်းထွန်း

ဆယ်ကျော် သက်လေးတစ်ယောက်လို ကြည်နူးစရာကောင်းတဲ့ အချစ်တွေကို သူ့ရဲ့ my day မှာဖော်ပြလာပါတယ်။ သူဟာ အရှေ့မှာ ရည်းစားတွေ ထားခဲ့ဖူးပေမယ့်လဲ လက်ရှိတွဲနေတဲ့ ချစ်သူကောင်းမလေးကတော့ အချစ်ဆုံးများဖြစ်နေမလားဘဲနော်။ ထွန်းထွန်း ဟာ သူချစ်တဲ့ အနုပညာအလုပ်တွေကိုလဲ လုပ်ကိုင်ရင်း အားကစားအတွက် အချိန်ပေးပြီး လုပ်ဆောင်နေသူလဲ ဖြစ်ပါတယ်။

သူကဟိုတစ်လောလေးကလဲ ချစ်သူကောင်မလေးရှိနေပြီဆိုတာကို ချပြခဲ့ပါတယ်။ ကောင်မလေးရဲ့ မျက်နှာ ကိုမဖော်ပြထားပေမယ့် သူအဲ့ဒီကောင်မလေးကို သိပ်ချစ်ကြော င်းတွေကိုတော့ ပြောခဲ့ပါသေးတယ်။ ယနေ့မှာလဲ ရည်းစားစထားတက်တဲ့ အရွယ် ၁၀ကျော် သက်လေးတွေလုပ်တက်တဲ့ ချစ်သူအတွက်စားလေးရေးကာ ချန်ထားခဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကို ချစ်သူကောင်မလေး ကပြုလုပ်ခဲ့တယ်ဆိုကာ သူ့ My Day မှာ ရေးသား ခဲ့ပါတယ်။

ထွန်းထွန်းက ထပ်မံပြီး ကောင်မလေးကြွေကျသွားစေမယ့် စကားလေးတစ်ချို့ကိုလဲ ပြောခဲ့ပါသေးတယ်။ သူပြောခဲ့တာကတော့ ” လွမ်းတယ် ဘယ်ဆီကိုငေးငေး သူမကို ပဲ မြင်ယောင်နေတယ် ” ဆိုကာ ရေးသားခဲ့ပါတယ်။ သူ့ချစ်သူကောင်မလေးတော့ မသိဘူး စာရေးသူတောင် ကြွေချင်နေပါပြီနော်။



Source – Htin aung htun,CRD-MOMOLAY

Comments are closed.