အိမထွောငပွှုမယွ့ အစီအစဉကွိုေှ ပာ လာတဲ့ ဝါဆိုမိုးဦး

အိမထွောငပွှုမယွ့ အစီအစဉကွိုေှ ပာ လာတဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦးဟာ အသက် ၂၈ နှစ်ကျော်မှ အိမ်ထောင်ပြုမယ်လို့ ဆိုပါတယ်။ ဖြိုးလေးကိုယ်တိုင်ကလည်း သူတို့ နှစ်ယောက်ရဲ့ ရှေ့ရေးအတွက် ပြင်ဆင်ထားတဲ့ အရာတွေကို ပြောပြလာပါတယ်။

ဝါဆိုမိုးဦးကတော့ အဆိုတော် ဖြိုးလေး(Snare) နဲ့ လက်တွဲလာတဲ့ ချစ်သူသက်တမ်းက မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း အသက် ၂၈ လောက်မှာမှ အိမ်ထောင်ပြုမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အိမ်ထောင်ရေးကတော့ ဝါဆိုလည်း ကိုဖြိုးလေးနဲ့ ညှိပြီးသားပါ။ ဝါဆို အိမ်ထောင်ပြုသင့် တဲ့အရွယ်ရောက်တဲ့ အချိန်ရယ်၊ ဝါဆို အသက် ၂၈၊ ၂၉ လောက်ရောက်မှ အိမ်ထောင်ပြုမ ယ်လို့ စဉ်းစားထားပါတယ်။ ကိုဖြိုးလေးက ငယ်သေးတော့လေ။ ဝါဆို တို့ နှစ်ယောက်ကလည်း တွဲလာတာကြာတော့ တစ်ယောက်နဲ့ တစ်ယောက် အလုပ်တွေ ပိုပြီးလုပ်လာတယ်၊ ကူညီပေးဖြစ်ကြတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

အဲဒီနောက် အဆိုတော် ဖြိုးလေးကလည်း ချစ်သူသက်တမ်း ကြာလာတာနဲ့ အမျှ ပြောင်းလဲလာတဲ့ သူတို့ နှစ်ဦးရဲ့ အကြောင်းကို ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Comments are closed.