“ရွှေရောင် နှလုံးသားနဲ့ ရွှေနိုင်ငံက လူတွေ” ဆိုပြီး မြန်မာ့ အလှကို ကမ္ဘာကို ချပြနေတဲ့ Sinon Loresca

မြန်မာနိုင်ငံ ဘယ်လောက်လှပတယ်ဆိုတာ တစ်ကမ္ဘာလုံးကို ပြောပြဖို့အဆင်သင့် ဖြစ်နေပါပြီဆိုပြီး Post တွေ တစ်ခုပြီး တစ်ခု တင်ကာ မြန်မာ့အလှကို ချပြနေတဲ့ Sinon Loresca မြန်မာပြည်ကို လာရောက်ပြီး

ပရိတ်သတ်ချစ်ခင်မှုကို အရယူ သိမ်းပိုက်သွားခဲ့တဲ့ Catwalk မော်ဒယ် Sinon Loresca ဟာ အခုဆို မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာပြည်ရောက်တုန်း မှာ

သူ့ရဲ့ အလှူအတန်းရက်ရောပုံတွေ သူ့ရဲ့ မြန်မာဝတ်စုံနဲ့ ဓာတ်ပုံတွေဟာလည်း ပရိတ်သတ်တွေ ကြားမှာ နာမည်ကြီးခဲ့ပါတယ်။ Sinon ဟာ မြန်မာပြည်ကို ခဏ အလည်ရောက်လာခဲ့ပေမယ့်

စက်တင်ဘာလ ၄ ရက် က သူမပြန်ခင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဗွီဒီယိုရိုက်ပြီး မျက်ရည်တွေနဲ့ မြန်မာပြည်သူ ပြည်သားတွေကို နှုတ်ဆက်ခဲ့တာကြောင့် အားလုံးကလည်း

စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ အဲ့ဒါအပြင် သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် အကောင့်မှာ နှုတ်ဆက်စာလေး တစ်စောင်ကို ရေးသားခဲ့ပါတယ်။

အဲ့ဒီစာထဲမှာ “မြန်မာနိုင်ငံက ဘယ်လိုလှသလဲ ဆိုတာ တစ်ကမ္ဘာလုံးကို ပြောပြဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ရွှေရောင်နှလုံးသား လူတွေနဲ့ စစ်မှန်တဲ့ ရွှေမြေပါပဲ။ အမြဲတမ်း ချစ်ပါတယ်။

မြန်မာပြည်သူတွေကို သတိရပါတယ်။ မကြာခင် ပြန်လာပါဦးမယ်နော်။ အားလုံးကို သတိရပါတယ်” လို့ သူက ရေးသား နှုတ်ဆက်သွားခဲ့ပါတယ်။

ခုတော့ သူဟာ မြန်မာ နိုင်ငံဟာ ကမ္ဘာက ထင်သလိုမဟုတ်ဘဲ သူ ဘယ်လောက် ပျော်ရွှင် ခဲ့ရတယ် ဆိုတာကို သူ့ရဲ့ အကောင့်မှာ post တွေ ဆက်တိုက်တင်ပြီး ကမ္ဘာကို ချပြနေပါပြီ။

Unicode

Comments are closed.