မြင်သူငေးရလောက်တဲ့ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ခြူးလေး

မြင်သူငေးရလောက်တဲ့ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ခြူးလေး

ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လေး ခြူးလေးက ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူလေး ဖြစ်ပါတယ်။ ခြူးလေးပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတိုင်းက အောင်မြင်ပြီး လူကြိုက်များလှတာကို တွေ့ရပါတယ်။ ခြူးလေးက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခြူးလေးက သူမရဲ့ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ခြူးလေးရဲ့ ကျက်သရေရှိရှိ လှနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကြောင့်လားမသိဘူး အရင်နဲ့ မတူတော့ပဲ ပိုလို့တောင် အလှကြီး လှလာတာကို တွေ့ရပါတယ်။

ခြူးလေးက လက်ရှိမှာ သူမရဲ့ ဇာတ်လမ်းတွဲ အသစ်တစ်ခုဖြစ်တဲ့ “နွေလည်ညရဲ့ လမင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေသလို အခြားသော အနုပညာလှုပ်ရှားမှုတွေလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။

ခြူးလေးကတော့ ပရိသတ်တွေ ရင်ခုန်ရအောင် သူမရဲ့ အလှတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခြူးလေးရဲ့ ပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Chue Lay’s fb

Comments are closed.