မက်ဆီတောင် ပြန်ပြီးလေးစားအတုယူရပါတယ်ဆိုတဲ့ ဘောလုံးသမားများ

မက်ဆီတောင် ပြန်ပြီးလေးစားအတုယူရပါတယ်ဆိုတဲ့ ဘောလုံးသမားများ

ပါရမီရှင်ဆိုတဲ့ စကားလုံးဟာ လီယွန်နယ်မက်ဆီကို ကိုယ်စားပြုပါတယ်။ လီယွန်နယ်မက်ဆီဟာ ဘောလုံးကို မှော်ဆန်ဆန် ကစားပြပြီး ပရိသတ်တွေကို အနုပညာမြောက်စွာ ဖျော်ဖြေလျက်ရှိနေတာပါ။ မက်ဆီဘောလုံး ကစားနေတာကိုကြည့်ရတာ သာယာငြိမ့်ညောင်းတဲ့အော်ပရာပြဇာတ်တစ်ခုကို ကြည့်နေရသလိုပါပဲ။ ဒါကြောင့် ဘောလုံးလောကမှာ လီယွန်နယ်ဆီကို လေးစားအတုယူသူများစွာရှိနေပါတယ်။ ဒါဆိုရင် မက်ဆီကရော ဘယ်သူတွေကို လေးစား အတုယူပါသလဲ။ တစ်နည်းပြောရရင် မက်ဆီရဲ့ Idol တွေက ဘယ်သူတွေဖြစ်မလဲ။ ကျွန်တော်တို့အတူတူ စီးမျောကြည့်လိုက်ရအောင်။

ရော်နယ်ဒို(ဘရာဇီးဂန္ထဝင်)

အာဂျင်တီးနားနဲ့မဟာပြိုင်ဘက် ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုက မက်ဆီရဲ့ Idol ပဲဖြစ်ပါတယ်။ “ရော်နယ်ဒိုက ကျွန်တော့်ရဲ့ငယ်ဘ၀ Idol ပါ။ သူက ဘာစီလိုနာနဲ့ ဘရာဇီးမှာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်တွေကို ပြသခဲ့တယ်။သူ့လိုတိုက်စစ်မှူးမျိုး ကျွန်တော်တစ်ခါမှ မတွေ့ဖူးပါဘူး။ ရောက်တဲ့နေရာကနေ ကြုံသလို ဂိုးသွင်းနိုင်တဲ့အစွမ်းကို ပိုင်ဆိုင်ထားသူပါ။ ကျွန်တော် ကျင်လည်ခဲ့တဲ့ ဘောလုံးလောကမှာ ရော်နယ်ဒိုဟာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ”လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။

ဇီဒန်း(ရီးရဲနည်းပြ)


ပါဘလိုအာမာ(အာဂငြျတီးနားဂန်ထဝငျ)

ငယ်ဘဝမှာကတည်းကမက်ဆီကို လွှမ်းမိုးမှုအရှိဆုံး၊ မက်ဆီတစ်ယောက် လေးစားအားအကျရဆုံးသူတစ်ဦးကိုတော့ သိတဲ့သူနည်းပါလိမ့်မယ်။ သူကတော့ အာဂျင်တီးနားဂန္ထဝင်ပါဘလိုအာမာပါပဲ။ “လက်ရှိအချိန်အထိ ကျွန်တော်ရဲ့ Idol အဖြစ်ဆုံးသူက ပါဘလိုအာမာပါပဲ။ သူကစားနေတာကို ကြည့်တာနဲ့ ကျွန်တော်က အလိုလိုစိတ်ချမ်းသာနေတတ်တာ။ ကျွန်တော့်ရဲ့ဘောလုံးသမားဘဝမှာလည်း ပါဘလိုအာမာက တော်တော်လေးလွှမ်းမိုးမှုရှိခဲ့တာ”လို့ မက်ဆီက ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာကစားသမားဟောင်းရီကွယ်မီ၊ အာဂျင်တီးနားကစားမားအော်တာဂါနဲ့ အာဂျင်တီးနားဂန္ထဝင်ဂါဘရီရယ်လ်ဘာတီစတူတာတို့ကလည်း မက်ဆီတစ်ယောက် လေးစားအားကျရတဲ့သူတွေပဲ ဖြစ်ပါတယ်။

Ref: Oh My Goal
Oz11(မိုမိုလေး)

Comments are closed.