မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိတဲ့ အလှတရားကို ပြသလိုက်တဲ့ ဝါဆိုမိုးဦး

မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိတဲ့ အလှတရားကို ပြသလိုက်တဲ့ ဝါဆိုမိုးဦး

သူမကိုယ်သူမ အမြဲယုံကြည်မှုရှိနေတတ်တဲ့ ချစ်စရာမင်းသမီးလေး ဝါဆိုမိုးဦးကတော့ ဘိုဆန်ဆန် မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထား သူတစ်ဦးပါ။ လတ်တလောမှာတော့ ဝါဆိုမိုးဦးက အလှူတစ်ခုမှည ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ယဉ်ယဉ်လေး လှနေတဲ့ဝါဆိုမိုးဦးရဲ့ ပုံရိပ်တွေကတော့ အရမ်းကို ယဉ်ပြီး မြငိရသူတွေရဲ့ရင်ကို အေးချမ်းစေခဲ့တာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အဝါရောင် တောက်တောက်ဖက်ရှင်နဲ့ အရမ်းကိုလှနေတဲ့ ဝါဆိုမိုးဦးရဲ့ မြန်မာဆန်ဆန် ပုံရိပ်လေး တွေကို ဖော်ပြ ပေး လိုက်ပါတယ်နော်။

ဝါဆိုမိုးဦးကတော့ “မင်းအနားက ချစ်စရာလေးတွေလောက်တော့ တို့က ဘယ်ချစ်ဖို့ကောင်းပါ့မလဲနော် 😄🤪” ဆိုပြီး သူမရဲ့ မြန်မာဆန်ဆန် ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဝါဆိုမိုးဦးကတော့ သူမရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းဖို့ Gym ကစားနေတယ်လို့လည်း သိရပါတယ်။

အဆိုပိုင်းမှာလည်း ထူးချွန်တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝါဆိုမိုးဦးကတော့ သူမကိုအရမ်းချစ်တဲ့ ချစ်သူဖြိုးလေးနဲ့အတူ ပျော်ရွှင်စရာ အချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဝါဆိုမိုးဦးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warso Moe Oo’s Facebook

Comments are closed.