သားလေးက ခုဆို ငြင်းတက်နေပြီ ဆိုတော့ သူ့ကိုအသည်းယားတယ် ဆိုတဲ့ မိုးယုစံ

သားလေးက ခုဆို ငြင်းတက်နေပြီ ဆိုတော့ သူ့ကိုအသည်းယားတယ် ဆိုတဲ့ မိုးယုစံ

ပရိသတ်တွေချစ်တဲ့ သရုပ်ဆောင် မင်းသမီး မိုးယုစံဟာ တစ်ချိန်က ရုပ်ရှင်၊ဗီဒီယိုကားတွေ များစွာရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး သူမဟာအေးအေးချမ်းချမ်းနဲ့ အနုပညာ လောကမှာ နာမည်ပျက် အနည်းဆုံး အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။ သရုပ်ဆောင်တဲ့ အပိုင်းတွေမှာလဲ အကောင်းဆုံးလုပ်ဆောင်နိုင်သူဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဖော်နိုင်တဲ့အပြင် သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခုကတော့ မပီတပီ နဲ့ စကားပြောတဲ့ အသံလေးပါဘဲ။ သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေ များစွာရှိသလို ခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လဲ သူမက ဆိုထားပါသေးတယ်။

သူမဟာ ၂၀၁၆ ခုနှစ်က လက်ထပ်ခဲ့ပြီး ၂နှစ်အရွယ် သားလေး ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးလဲ ဖြစ်ပါတယ်။ သားလေးနဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်သဘောထားနဲ့ ဖြစ်စေချင်တဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်ေ ပြာပြလာပါတယ်။ အဲ့ဒီနောက် သူမက သားလေးလဲကြီးလာပြီမို့ အနုပညာအလုပ်တွေ လုပ်နိုင်ဖို့ အချိန်ပေးလို့ ရနေပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်တော့မယ် ဆိုတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာတွေကတော့ “ သားသားကို အချိန်ပေးတာများတယ် ၊ သားသားအတွက် အဖော်ကတော့ နောက်တစ်နှစ်လောက်နေရင်တော့ ယူဖြစ်မယ်လို့ မှန်းထားပါတယ်။ နောက်ထပ်ကလေးကိုတော့ သမီးလိုချင်တယ် သားဆိုလဲ ကောင်းတော့ကောင်းပါတယ် ယောကျာ်းလေးနှစ်ယောက်ဆိုတော့ သူတို့ အဖော်ရတာပေါ့ ဘာလေးဖြစ်ဖြစ်ပါ၊ လိုချင်ပါတယ် ။ ခုသားက စကားလိုက်ပြောတက်ပြီဆိုတော့ အဖော်ရတယ် တစ်ခုခုဆိုငြင်းတက်ပြီ ဆိုတော့ တစ်ခါတလေအသည်းယားတယ်”

“သားနဲ့ ပတ်သက်ပြီး ဘယ်ဟာဘဲ ဖြစ်ဖြစ်ပေါ့နော် ကိုယ်ကခံရရင်တော့မကောင်းဘူးပေါ့နော် ။အမေတစ်ယောက်အနနဲ့ အတ္တကြီးတယ်ဘဲပြောပြော ကိုယ့်သားလေးခံရတာတော့ မကြိုက် ဘူး ဒါပေမယ့်လဲ သူများကို အသားလွတ်ကြီး အနိုင်ကျင့်တဲ့ လူတစ်ယောက်လဲ မဖြစ်စေချင်ဘူး ဘယ်ဟာဘဲဖြစ်ဖြစ် မျှတတာကိုဘဲ ဖြစ်စေချင်တယ် ။ ပညာရေးကတော့ အကောင်းဆုံးဘဲ ဖြစ်စေချင်ပါတယ်။သူ့ရဲ့ကြိုးစားမှုနဲ့ သူ့ရဲ့ကံကလဲ ရှိသေးတယ်လေ ။ ဘယ်လိုဘဲဖြစ်ဖြစ်သူ လျှောက်လှမ်းမယ့်လမ်းမှာ အကောင်းဆုံးလျှောက်လှမ်းနိုင်ရင်တော်ပါပြီ” လို့ ဆိုပြီး အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးလဲ သူက ….


ဖတ်ရှု့ပေးတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
May Phyo(MML)
Source – momolay tv

Comments are closed.