မက်ဆီထက်တောင် ဆာလတ် သာ လွန်နေတဲ့အရာတစ်ခုကို ထုတ်ပြော ခဲ့တဲ့ အာဆင်ဝင်းဂါး

မက်ဆီထက်တောင် ဆာလတ် သာ လွန်နေတဲ့အရာတစ်ခုကို ထုတ်ပြော ခဲ့တဲ့ အာဆင်ဝင်းဂါး


ဆာလတ်ဟာ ၂၀၁၇ ခုနှစ်က ပရီးမီးယားလိဂ်ကလပ်လီဗာပူးအသင်းကို ပြောင်းရွှေ့ရောက် ရှိလာခဲ့ပြီး (၁၁၀) ပွဲကစားပြီးချိန်မှာ (၇၄) ဂိုးအထိ သွင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာလတ် ဟာ ဘေဆယ်အသင်းမှာ ကစားတုန်းက အီဂျစ်မက်ဆီဆိုပြီး နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

အာဆင်ဝင်းဂါးကတော့ မက်ဆီဟာ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်ပေမယ့် ဆာလတ်က အဆုံး သတ် ပိုကောင်းကြောင်း သုံးသပ်ပြောဆိုသွားခ့တာပါ။ “ဆာလတ်ရဲ့ပုံစံက မက်ဆီနဲ့ဆ င် တူပါတယ်။ မက်ဆီက ပြီးပြည့်စုံတဲ့ကစားသမားဖြစ်ပေမယ့် ဆာလတ်က ပိုပြီးအဆုံးသ တ်ေ ကာင်း တယ်။

သူဟာ တကယ့်ကိုအဆုံးသတ်သေချာတဲ့ ကစားသမားဖြစ်ပြီး သူ့ကိုကျွန်တော်အလွန်နှ စ်သက်ပါတယ်”လို့ အာဆင်ဝင်းဂါးက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အာဆင်ဝင်းဂါးရဲ့ သုံးသပ်စကားကို ကြားရပြီးနောက် ပရိသတ်တွေက အနည်းငယ်ဝေဖန်သွားခဲ့ပါတယ်။

ဆာလတ်ဟာ မက်ဆီထက် ဘယ်လိုအရာမျိုးမှ သာလွန်ခြင်းမရှိကြောင်း ပရိသတ်တွေက ဝေဖန်သွားခဲ့တာပါ။ ဆာလတ်ဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း (၂) နှစ်ဆက်ရယူထားနိုင်ခဲ့တဲ့ကစားသမာတစ်ယောက်ဖြစ်ပါတယ်။

Ref: Give Me Sport ,Oz11(မိုမိုလေး) ,Credit:Momolay

Comments are closed.