အိချောပိုရဲ့ မွေးနေ့မှာ ရွှေဆွဲကြိုး (၁၀) ကုံးမဲပေါက်သွားခဲ့ကြတဲ့ အနုပညာရှင်များ

အိချောပိုရဲ့ မွေးနေ့မှာ ရွှေဆွဲကြိုး (၁၀) ကုံးမဲပေါက်သွားခဲ့ကြတဲ့ အနုပညာရှင်များ






Credit – Momolay

[UNICOE FONT]

အနုပညာကို ချစ်မြတ်နိုးလွန်းတာကြောင့် အဆိုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာသာမက ဒါရိုက်တာပိုင်းမှာပါ အကောင်းဆုံးကြိုးစားပြီး ရှေ့ဆက်နေတဲ့ ယုန်လေးကတော့ အောင်မြင်မှုနေရာတစ်ခုရထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယုန်လေးက အနုပညာညီမလေး အိချောပိုရဲ့၂၈နှစ်ပြည့်မွေးနေ့ပွဲလေးသို့ တက်ရောက်ရင်း ရွှေဆွဲကြိုးလေး မဲပေါက်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့ မွေးနေ့ပွဲမှာ ပျော်စရာတွေချည်းကြုံတွေ့ခဲ့ရတဲ့ ကံကောင်းသူကြီး ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယုန်လေးကတော့ “Happy Birthday Par ညီမလေး .ယခုထက်ပို အောင်မြင်မူ့များစွာပိုင်ဆိုင်နိုင်ပါစေ .ညီမလေးပွဲမှာ အမှတ်တရ ကံစမ်းမဲ ရွှေဆွဲကြိုးလေးပေါက်ပါတယ် . အမြဲတမ်းသိမ်းထားပါ့မယ် .” ဆိုပြီး ကြည်နူးစွာ ရေးသားထားတာပါ။

အိချောပိုမွေးနေ့မှာ ရွှေဆွဲကြိုးတွေ မဲပေါက်သွားကြတဲ့ ကံထူးသူတွေ

အဆိုတော်တစ်ဦးအနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ယုန်လေးကတော့ အနှစ်သာရရှိတဲ့ သီချင်းတွေကိုလည်း ထိထိမိမိရေးသားသီဆိုတတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ အချစ်သီချင်းလေးတွေကိုလည်း ခံစားချက်အပြည့်နဲ့ ဖန်တီးတတ်တဲ့ ယုန်လေးရဲ့ တကယ့်အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲနော်။ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ယုန်လေးနဲ့ အိချောပိုတို့ အနုပညာမောင်နှမနှစ်ယောက်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit – Momolay

Comments are closed.