ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ တောင်ကြီးမြို့အထိ ခြင်းတစ်လုံးနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရဲကိုဝင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ တောင်ကြီးမြို့အထိ ခြင်းတစ်လုံးနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရဲကိုဝင်း

မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေ ပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။ တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ My an mar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါ မှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် တစ်ကျော့ပြန် ရောက်ရှိ လာတော့မယ့် Myanmar Idol Season4 ပွဲကြီးမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ တောင်ကြီးြ မို့အထိ ခြင်းတစ်လုံးနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရဲကိုဝင်းအကြောင်းကို ဖော်ပြပေးလိုက် ပါ တယ်နော်။

Myanmar Idol Season4 ပွဲကြီးက အရည်အချင်း ရှိတဲ့ Winner တွေကို မွေးထုတ်ပေးတဲ့ ပြိုင်ပွဲကြီးပါ။ ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ဆုံးဖြတ်ပေးမယ့် ဒိုင်တွေကတော့ ဝါရင့်အဆိုတော် ဒါရိုက်တာကြီး အောင်ကိုလတ် ၊ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အစီအစဉ်တင်ဆက်သူ အဖြစ် ကျော်ထက်အောင် တို့ပဲ ဖြစ်ပါတယ်။

ခုဆိုရင် Myanmar Idol Season4 ပွဲကြီးကို ပရိသတ်တွေကြည့်ခွင့်ရနေပြီ ဖြစ်ပြီး ပြိုင်ပွဲဝ င်တွေကို ရွေးထုတ်နေပြီပဲဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က လာရောက် ယဉ်ပြိုင်တဲ့ ပြိုင်ပွဲ ဝင်တွေထဲမှာမှ အများနဲ့မတူတဲ့ ထူးခြားတဲ့ ရခိုင်သားလေး ရဲကိုဝင်း ရဲ့အကြောင်းပဲ ဖြစ်ပါ တယ်။

ပြိုင်ပွဲဝင် ရဲကိုဝင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ တောင်ကြီးအထိ ဆွဲခြင်းတစ်လုံးနဲ့ လာရောက်ယဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။

ရဲကိုဝင်းက သူ့ရဲ့ ကလေးဘဝတည်းက အဆိုဝါသနာပါခဲ့တာဖြစ်ကြောင်းနဲ့ ကလေးဘဝ တုန်း ကအဝတ်အစားဝယ်ဖို့ ပိုက်ဆံ မတတ်နိုင်တာကြောင့် စုံညီပွဲမှာတောင် မပါဝင်ခဲ့ရဘူးဆိုတဲ့ အကြောင်းကို ပြောထားပါတယ်။ပြိုင်ပွဲဝင် ရဲကိုဝင်းက အရာရာကို ကြောက်ရွံ့သိ မ်ငယ်နေ ပုံလည်းပေါက်ပါတယ်။


ရခိုင်သားလေး ရဲကိုဝင်း ရဲ့ အသံကို ဒိုင်တွေက သဘောကျခဲ့ကြပြီး နောက်တစ်ဆင့်တက် လှမ်း ဖို့ ခေါ်ဆောင်သွားတဲ့အပြင် စိတ်ခွန်းအားများစွာရရှိစေတဲ့ စကားလုံးလေးတွေနဲ့ အားပေး ခဲ့ကြတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ တောင်ကြီးမြို့အထိ ခြင်းတစ်လုံးနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရဲကိုဝင်း

မိုမိုလေး ပရိသတ်တွေ ကလည်း Myanmar Idol Season4 ပွဲကြီးမှာ အဆိုပညာ အရည် အချင်းရျှိပမယ့် အရာရာကို ကြောက်ရွံ့သိမ်ငယ်နေပုံလည်းပေါက်နေတဲ့ ရခိုင်သားလေးကို အားပေးလိုက်ကြရအောင်နော်။

Moekalay
Source;myanmar idol

Comments are closed.