အမေ ရှိနေရင် ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ စင်ပေါ်မှာ မျက်ရည်လ ည်ခဲ့ မိကြောင်း ရင်ဖွင့်လာခဲ့တဲ့ ဟန်ေ နတာ

အမေ ရှိနေရင် ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ စင်ပေါ်မှာ မျက်ရည်လ ည်ခဲ့ မိကြောင်း ရင်ဖွင့်လာခဲ့တဲ့ ဟန်ေ နတာ


လွန်ခဲ့တဲ့ FG Live မှာ တင်ဆက်ဖျော်ဖြေခွင့် ရပြီးနောက် ရဲ့ပင်တိုင်အဆိုတော် ဟန်နေတာ ကို ပရိသတ်တွေ သာမက အနုပညာရှင်တွေကပါ ပြန်လည်ဝန်းရံအားပေးခဲ့ကြပြီး ကိုယ်တို င်ရေး စပ်သီဆိုထားတဲ့ “မိုးမခ အိမ်မက်ခရမ်းပြာ”သီချင်းနဲ့ စင်ပေါ်မှာ သီချင်းသီဆိုဖျော်ဖြေေ နစဉ် ဟန်နေတာတစ်ယောက် ကိုယ်ပိုင်ခံစားချက်တွေကို မထိန်းနိုင်ပဲ မျက်ရည်ကျခဲ့တဲ့အပေါ် ပရိသတ်တွေက ပိုလို့ စိတ်မကောင်းဖြစ်ကာ အသနားပိုခဲ့ရတာဖြစ်ပါတယ်။


လက်ရှိမှာတော့ “ကောင်းကင်အနီ” ဆိုတဲ့ ပထမ သီချင်းခွေထွက်ရှိပြီးနောက်မှာ နောက်သစ် ဒုတိယ တေးစီးရီးအယ်ဘမ်ကို စီစဉ်နေပြီဖြစ်ပြီး သီချင်းခွေထဲမှာ Motivate ဘက်ကို သွားတဲ့ သီချင်းအမျိုးအစားလေးတွေ အများကြီး ပါဝင်မှာဖြစ်ပါတယ်။ ဒုတိယ သီချင်းခွေထဲမှာ ကိုရေမွန်နဲ့ လည်း “Chemical Game”ဆိုတဲ့ သီချင်းတစ်ပုဒ် အတူသီဆိုသွားဖို့ရာရှိပြီး ဒုတိယသီချင်းခွေထဲမှာ Electro နဲ့အနည်းငယ်ရောစပ်ထားတဲ့ Electro Rock၊ Pop Rock အမျိုးအစားတွေအပြင် Alternative Rockသီချင်းတွေလည်း ပါဝင်မယ်လို့ ဟန်နေတာက ဆယ်လီကမ္ဘာရဲ့ အင်တာဗျူးမှာ ခုလိုပဲ ဖြေကြားထားပါတယ်။

Source: Exclusive on CeleGabar
Khin Mi Mi- CeleGabar

Comments are closed.