၁၁ ထပ်မြင့်တဲ့ တိုက်ပေါ်မှာ သိုင်းကျင့်နေကြတဲ့ ဒေါင်းနဲ့ နေခြည်ဦးတို့ရဲ့ အခွီဗီဒီယို

၁၁ ထပ်မြင့်တဲ့ တိုက်ပေါ်မှာ သိုင်းကျင့်နေကြတဲ့ ဒေါင်းနဲ့ နေခြည်ဦးတို့ရဲ့ အခွီဗီဒီယို

နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ် ချစ်ခင်အားပေးကြတဲ့ မင်းသားချောလေး ဒေါင်းကတော့ အကြည့်တစ်ချက်နဲ့တင် ကြွေသွားအောင် ဖမ်းစားထားနိုင်သူတစ်ဦးပါ။ လတ်တလော မှာ တော့ ဒေါင်းက ချစ်စရာ မင်းသမီးချောလေး နေခြည်ဦးနဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကား အတူပုံဖော်နေကြတာပါ။ ဒီနေ့မှာတော့ နေခြည်ဦးက ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ ပျော်ပျော်ပါးပါး ဆော့နေကြတဲ့ သူမနဲ့ ဒေါင်းတို့ရဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထား တာ တွေ့ရပါတယ်။ ကလေးတွေလို ရှုတင်မှာ ဆော့ကစားနေကြတဲ့ ဒေါင်းနဲ့ နေခြည်ဦးတို့ရဲ့ ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် တိုက်အမြင်ြ့ကီးပေါ်မှာ ကလေးတွေလို ဆော့ကစားနေကြတဲ့ ဒေါင်းနဲ့ နေခြည်ဦးတို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ “၁၁ထပ် ခေါင်မိုးပေါ်” ဆိုပြီး သူနဲ့ ဒေါင်းတို့ရဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်အမြင့်ကြီးပေါ်မှာဆိုပေမယ့်လည်း ချီ ချီရော ဒေါင်းပါ အရမ်းပျော်နေတာပါနော်။

ကလေးတွေလို ပျော်နေကြတဲ့ နေခြည်ဦးနဲ့ ဒေါင်းရဲ့ဗီဒီယို

နေခြည်ဦးကတော့ ပွင့်ပွင့်လင်းလင်းရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသူမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒေါင်းနဲ့ ချီချီတို့ရဲ့ ရုပ်ရှင်ကို အရမ်းစိတ်ဝင်စားနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရိုက်ကွင်းပေါ်မှာ အရမ်းကို ပျော်နေကြတဲ့ နေခြည်ဦးနဲ့ ဒေါင်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Chi Oo’s Faceboook,Source:momolay

Comments are closed.