Running Man အဖွဲ့ဝင်တွေကို ရယ်ပွဲကျစေခဲ့တဲ့ Kim Jongkook နဲ့ Jeon Somin တိုရဲ့စုံတွဲအက

Running Man အဖွဲ့ဝင်တွေကို ရယ်ပွဲကျစေခဲ့တဲ့ Kim Jongkook နဲ့ Jeon Somin တိုရဲ့စုံတွဲအက

Running Man ဟာဆိုရင် ကိုရီးယားမှာသာမက နိုင်ငံရပ်ခြားမှာပါ ပရိသတ်အခိုင်အမာရရှိထားတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။စက်တင်ဘာလ ၈ ရက်နေ့ကထုတ်လွှင့်သွားတဲ့ Running Man အပိုင်းမှာတော့ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Kim Jongkook နဲ့ Jeon Somin တို့ဟာ စုံတွဲအကကိုကခဲ့တာပါပဲ။

Jongkook နဲ့ Somin တို့ရဲ့စုံတွဲအကဟာ ကြည့်ရှုသူပရိသတ်တွေကိုသာမက Running Man အဖွဲ့ဝင်တွေကိုပါ မှင်သက်ပြီးရယ်ပွဲကျစေခဲ့တာပဲဖြစ်ပါတယ်။ဒီထုတ်လွှင့်ခဲ့တဲ့ အပိုင်း မှာတော့ Running Man အဖွဲ့ဝင်တွေဟာ မကြာမီကျင်းပမယ့် Running Man ၉ နှစ်ပြည့် ပရိသတ်တွေ့ဆုံပွဲအတွက် လေ့ကျင့်ပြင်ဆင်နေကြတာတွေပါဝင်ထားတာပါ။ပြင်ဆင်တာ တွေထဲကမှ တစ်ခုကတော့နာမည်ကြီး 1MILLION Dance အကစတူဒီယိုနဲ့တွဲဖက်ပြီး ပွဲအတွက်အကကျင့်တာပဲဖြစ်ပါတယ်။

Jongkook နဲ့ Somin တို့က စုံတွဲအကအတွက်ကကွက်တွေကို အကတီထွင်သူ Lia Kim ဆီမှာသင်ယူခဲ့ကြတာပါ။ကကွက်တွေထဲကတစ်ခုမှာကတော့ Somin သာသတိမထားမိရင် Jongkook ရဲ့ချက်ကောင်းကိုကန်မိမယ့်ကကွက်တစ်ခုပါလာခဲ့ပါတယ်။ဒါကို Haha ကလည်း Somin အတွက်အခွင့်ကောင်းပဲလို့စနောက်ခဲ့သေးတာလည်းဖြစ်ပါတယ်။

ဒီအခါမှာ Jongkook ကလည်း Somin က သတိထားဖို့နဲ့ကန်မိတာနဲ့အသေပဲဆိုပြီး ခြိမ်း ခြောက်သလိုစနောက်ခဲ့ပါသေးတယ်။ဒါပေမယ့်လည်း Jongkook က တွဲဖက် Somin ကို ခန္ဓာကိုယ်ကပေါ့တာမလို့ သက်တောင့်သက်သာကဖို့လွယ်ကူကြောင်းချီးကျူးခဲ့တာလည်းဖြစ်ပါတယ်။

Jongkook နဲ့ Somin တို့ရဲ့နှစ်ယောက်ကတော့ တကယ့်ကိုမောင်နှမတွေလို စနောက် လိုက် ကျနဲ့ ချစ်စရာပါပဲနော်။

winkie
Ref:Soompi,Source:momolay

Comments are closed.