ဒီနေ့မှာပဲ အသက် (၃၈) နှစ် ပြည့် သွားြ ပီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ နေတိုး

ဒီနေ့မှာပဲ အသက် (၃၈) နှစ် ပြည့် သွားြ ပီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ နေတိုး

နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ မင်းသားချော နေတိုးရဲ့ အသက် (၃၈) နှစ် ပြည့် မွေးနေ့ မင်္ဂလာပဲ ဖြစ်ပါတယ်။ နေတိုးကတော့ (၁၉၈၁)၊ စက်တင်ဘာလ (၉) ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

နေတိုးကတော့ အသက် (၂၀) အရွယ်လောက်ကတည်းက မော်ဒယ်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့ပြီး ဒိတ်ဒိတ်ကြဲ မင်းသားအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

နေတိုးက လက်ရှိမှာတော့ “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပေးနေတာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက် ရှိပါတယ်။

နေတိုးကတော့ အသက် (၃၈) နှစ်အရွယ်ကို ရောက်ရှိသွားပြီ ဖြစ်ပေမယ့် အခုချိန်ထိတိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။ နေတိုးတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းမှာ ဒီထက်မက အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Rowena, Source: Momolay

Comments are closed.