သေးသေးလေးနဲ့ ညိုှ့အားပြင်းတဲ့ အလှတရားကို ပြသလိုက်တဲ့ မေ

သေးသေးလေးနဲ့ ညိုှ့အားပြင်းတဲ့ အလှတရားကို ပြသလိုက်တဲ့ မေ

ချိုသာတဲ့ အပြုံးလှလှလေးနဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ချစ်စ ရာကောင်မလေး မေကတော့ မြန်မာနိုင်ငံက ပုရိသကိုကိုတွေရဲ့ အားနည်းချက် တစ်ခုဆိုလည်း မမှားပါဘူး။ အရမ်းကို လှရက်လွန်းတဲ့ မေကတော့ အနုပညာပိုင်းမှာလည်း ထူးချွန်လွန်းတာမို့ အောင်မြင်မှုတွေ ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေက လေတိုက်ရင်ေ တာင် လဲသွားမလား စိုးရိမ်ရတဲ့ သူမရဲ့သေးသွယ်တဲ့ အလှတရားကို ထုတ်ပြလိုက်တာ တွေ့ရ ပါတယ်။ သာယာလှပတဲ့ ရှုခင်းအလှအပတွေကြားက မေရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ အဆိုတော် သရုပ်ဆောင် မလေး မေရဲ့ အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မေကတော့ “ဗလောင်ဆူတဲ့ရင်ခွင်နဲ့ တောင်ငူကိုဖြတ်ခဲ့.. 😜” ဆိုပြီး သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အမိုက် စားသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေ ဖမ်းစားထားနိုင်သူလေးဆိုလည်း မမှားပါဘူး။

နားထောင်ဖူးသူတိုင်း စွဲမက်စေတဲ့ အသံချိုချိုလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ မေကတော့ မကြာခဏဆိုသလို ကာဗာသီချင်းတွေ ပြန်လည်သီဆိုလေ့ရှိပြီး၊ ကိုယ်ပိုင်သီချင်းတွေကိုလည်း ဖန်တီးနေသူတစ်ဦးပါ။ လတ်တလောမှာတော့ မေက အနုပညာလှုပ်ရှားမှုလေးတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Candy May’s Facebook ,Source:momolay

Comments are closed.