နေတိုးအတွက် ချစ်စရာကောင်းအောင်မွေးနေ့ဆုတောင်းပေးတဲ့ သွန်းမြတ်ကြယ်စင်

နေတိုးအတွက် ချစ်စရာကောင်းအောင်မွေးနေ့ဆုတောင်းပေးတဲ့ သွန်းမြတ်ကြယ်စင်

ပရိသတ်တွေကြားမှာ အငယ်ဆုံး အလှမယ်လေးအဖြစ်နာမည်ကြီးခဲ့တဲ့ Little Miss Supranational Myanmar 2019 သွန်းမြတ်ကြယ်စင်ဟာ သူချစ်တဲ့ နိုင်ငံကျော် အနုပညာရှင်ကြီး အကယ်ဒမီနေတိုး အတွက် မွေးနေ့ ဆုတောင်း ပေးလိုက်ပါတယ်နော်။ သူမဟာ နေတိုး နဲ့ အတူရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ဖူးပြီး ဦးဦးနေတိုးကို အရမ်းချစ်ကြောင်းတွေပြောပြလေ့ရှိပါတယ်။ ယနေ့ စက်တင်ဘာလ (၉)ရက်နေ့မှာ ကျရောက်တဲ့ ဦးဦးနေတိုးရဲ့ ၃၈နှစ်ပြည့်မွေးနေ့အတွက် ချစ်စရာကောင်းအောင် မွေးနေ့ ဆုတောင်းပေးထားပါတယ်။

သူမ ဆုတောင်းပေးလိုက်တာကတော့ “ 9.9.2019 ဒီနေ့မှာ ကျရောက်တဲ့ ဦးဦးရဲ့ မွေးနေ့မှ စပြီး နောင် နှစ်ပေါင်းများစွာတိုင်အောင် ဦးဦးရဲ့ ထာဝရ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ နဲ့အတူ ဆက်လက်အောင်မြင်ပါစေလို့။ သမီးဆုတောင်းပေးလိုက်ပါ တယ်ရှင့် 🙏စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ အားလုံး ပြည့်စုံပါစေ Happy Birthday 🎊🎉” လို့ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးရိုက်ကူးကာ ရေးသားဖော်ပြခဲ့ပါတယ်။

ချစ်စရာကောင်းစွာ မွေးနေ့ ဆုတောင်းပေးထားတဲ့ သွန်းမြတ်ကြယ်စင်

Little Miss Supranational Myanmar 2019 အလှမယ်လေး သွန်းမြတ်ကြယ်စင်ဟာ သရုပ်ဆောင် ကောင်းသလို Tik Tok မှာလဲ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိပါတယ်။

ဦးဦးနေတိုး နဲ့ ချစ်စရာကောင်းအောင် ဆုတောင်းပေးထားတဲ့ သွန်းမြတ်ကြယ်စင်လေး လိုဘဲ ချစ်ပရိသတ်ကြီးကဆုတောင်းပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo (mml)
Source – Thoon Myat Kyal Sin

Comments are closed.