အသစ်စက်စက်ဇနီးမောင်နှံ ပျော်နေလားလို့ မေးရင် လုံးဝမေ ပျာ်နိုင်ဘူးလို့ ရင်ဖွင့်လိုက်တဲ့ ပိုင်ဖြိုးသု

အသစ်စက်စက်ဇနီးမောင်နှံ ပျော်နေလားလို့ မေးရင် လုံးဝမေ ပျာ်နိုင်ဘူးလို့ ရင်ဖွင့်လိုက်တဲ့ ပိုင်ဖြိုးသု

ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်လေးမှာ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံ (၂) ဦး ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်သူသက်တမ်း အတော်ကြာမှာ လက်ထပ်ခဲ့တဲ့ ပိုင်ဖြိုးသုတို့ မင်္ဂလာပွဲလေးဟာ လာရောက်ကြတဲ့ ပရိသတ်တွေကြား အင်မတန်မှ ကြည်နူးစရာတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အားကျခဲ့ရတဲ့ အတွဲလေးဖြစ်သလို နှစ်ဦးလုံးကလည်း ပရိသတ်တွေ အခိုင်အမာရရှိထားပြီးဖြစ်တဲ့ အနုပညာဖန်တီးသူတွေဖြစ်ကြပါတယ်။

ပိုင်ဖြိုးသုကတော့ သူမရဲ့ မင်္ဂလာပွဲလေးကို အောင်အောင်မြင်မြင် ကျင်းပပြီးဆုံးခဲ့ပေမယ့်လည်း အသစ်စက်စက်ဇနီးမောင်နှံ (၂) ဦးအနေနဲ့ မပျော်နိုင်ဘူးလို့ဆိုပါတယ်။ အကြောင်းအရာကတော့ မင်္ဂလာပွဲနီးနေတဲ့အချိန်ထိတိုင် အလုပ်တွေမပျက်နိုင်တာကတကြောင်း၊ ပိတ်ရက်တွေအများကြီးဖြစ်နေခဲ့တာမို့ ဖိတ်စာတွေအချိန်မီမရောက်နိုင်ဘဲ မိတ်ဆွေအပေါင်းအသင်းတွေကြား နားလည်မှုလွဲခဲ့ရတဲ့ ကိစ္စတွေကြောင့် အတော်လေး စိတ်ပင်ပန်းနေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် Social Media တွေ ထွန်းကားလာတဲ့အတွက်ကြောင့် သူမတို့ မင်္ဂလာသတင်းပို့စ်အောက်တွေမှာလည်း အဆိုးမြင်တဲ့ ကောမန့်တွေတွေ့နေရတာကြောင့် သားသမီးချင်း ကိုယ်ချင်းမစာပေးနိုင်ကြဘူးလားလို့ မေးထားပါသေးတယ်။ သရုပ်ဆောင်ဆိုပေမယ့် လူထဲကလူတစ်ယောက်ဖြစ်တာကြောင့် စိတ်ထိခိုက်တတ်တဲ့ သဘောတရားလေးကိုလည်း ပိုင်ဖြိုးသုက ရှင်းပြထားပါတယ်။

ပရိသတ်ကြီးရေ…. ပိုင်ဖြိုးသုရဲ့ မင်္ဂလာပွဲလေးဟာ မင်္ဂလာယူခဲ့တဲ့ ပွဲတစ်ပွဲလေးဖြစ်တာကြောင့် ပရိသတ်ကြီးအနေနဲ့ အဆိုးမြင်တဲ့ မှတ်ချက်လေးတွေ မပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။ သုသုကိုချစ်တဲ့ပရိသတ်ကြီးကလည်း သုသုရဲ့ခံစားချက်တွေကိုနားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။We Love Cele

Photos-Paing Phyoe Thu

Comments are closed.