ညှို့အားပြင်းတဲ့ အကြည့်တွေနဲ့ ယစ်မူးသွားအောင် စွဲဆောင်လိုက်တဲ့ မိုးဟေကို

ညှို့အားပြင်းတဲ့ အကြည့်တွေနဲ့ ယစ်မူးသွားအောင် စွဲဆောင်လိုက်တဲ့ မိုးဟေကို

အသားညိုညိုလေးနဲ့ နိုင်ငံခြား မင်းသမီးလေး တစ်ယောက်လို လှပလွန်းတဲ့ မိုးဟေကိုက အနုပ ညာလောကထဲ စတင်ဝင်ရောက်လာချိန်မှစပြီး ယနေ့ချိန်တိတိုင် ပရိသတ်တွေရဲါ အချစ်တွေကို ရရှိထားတာ ဖြစ်ပါတယ်။ မိုးဟေကိုက သူမမိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပ ညာလုပ်ငန်းတွေနဲ့ နှစ်အနည်းငယ် အဆက်အသွယ် ပြတ်တောက်သွားပြီး အခုအခါ မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မိုးဟေကိုက သူမရဲ့ စွဲဆောင်မှုအပြည့်နဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မိုးဟေကိုရဲ့ ပုံလေးတွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

မိုးဟေကိုရဲ့ မြန်မာဆန်ဆန် အညိုသွေး အသားအရည်၊ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ စွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာလေးက ပရိသတ်တွေကို စွဲဆောင်ထားနိုင်တဲ့ အချက် တစ်ချ က်ပဲ ဖြစ်ပါတယ်။

မိုးဟေကိုက လတ်တလောမှာတော့ နေတိုးနဲ့ အတူတူ ရိုက်ကူးမယ့် “ကျွန်တော့်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်နေတာဖြစ်ပြီး မကြာခင်မှာလည်း သူမရဲ့ “ပပဝတီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသတော့မှာ ဖြစ်လို့ စိတ်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ အသက် (၃၀) အရွယ်ကို ရောက်ရှိနေပေမယ့် ငယ်ငယ်ကအတိုင်း မပြောင်းလဲပဲ လှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Moe Hay Ko’s fb
Photo: Aung Kyaw Tun

Comments are closed.