ဒဏ္ဍာရီပုံပြင်ထဲက နတ်သမီးလေး မြေပေါ်ကိုဆင်းသက်လာသလား ထင်မှတ်ရတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်

ဒဏ္ဍာရီပုံပြင်ထဲက နတ်သမီးလေး မြေပေါ်ကိုဆင်းသက်လာသလား ထင်မှတ်ရတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ရွှေမှုံရတီက အသက်နှစ်ဆယ်အရွယ်မှာပဲ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက် ဖြစ်လာသူပါ။ ရွှေမှုံရတီက အနုပညာသက်တမ်း ၅ နှစ်တာအတွင်းမှာ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေများစွာကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်မလည်အောင် ရိုက်ကူးခဲ့ရသူလေး ဖြစ်ပါတယ်။

ရွှေမှုံရတီရဲ့ အနေတည်ပြီး အထာကျကျပုံစံက ယောကျာ်းလေး ပရိသတ်တွေကိုသာမက မိန်းကလေးပရိသတ်တွေကိုလည်း ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေမှုံရတီက သူမရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။

ထိုပုံတွေမှာ ရွှေမှုံရတီက ဒဏ္ဍာရီပုံပြင်ထဲက နတ်သမီးလေးတစ်ပါး မြေပေါ်ကို ဆင်းသက် လာ သလား ထင်ရအောင် အလှကြီး လှပလွန်းနေတာကို တွေ့ရပါတယ်။

ရွှေမှုံရတီက လက်ရှိမှာတော့ မြင့်မြတ်၊ မိုးအောင်ရင်တို့နဲ့အတူတူ “အောက်စီဂျင်” ရုပ်ရှင်ဇာတ် ကား ကြီးမှာ သရုပ်ဆောင်နေတာ ဖြစ်ပြီး အခြားသော အနုပညာလုပ်ငန်းတွေကိုလည်း လုပ် ကိုင်နေလျက် ရှိပါတယ်။

ရွှေမှုံရတီကတော့ ပရိသတ်တွေ ယစ်မူးသွားအောင် သူမရဲ့ အလှတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Shwe Hmone Yati’s fb
Photo: Haw

Comments are closed.