ပိုင်တံခွန်၊ ကျော်ကျော်ဗို နဲ့ အိချောပိုတို့ သုံးယောက်ဆုံတွေ့မယ့် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီး

ပိုင်တံခွန်၊ ကျော်ကျော်ဗို နဲ့ အိချောပိုတို့ သုံးယောက်ဆုံတွေ့မယ့် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီး

အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီ ရရှိနေတဲ့ ပိုင်တံခွန်၊ ကျော်ကျော်ဗို နဲ့ အိချောပိုတို့က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အတိုင်း သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေ အားပေးမှုကို ရရှိထားးသူတွေ ဖြစ်ပါတယ်။ ပိုင်တံခွန်၊ ကျော်ကျော်ဗို နဲ့ အိချောပိုတို့ သုံးယောက်စလုံးကို ကြိုက်နှစ်သက် အားပေးကြတဲ့အတွက် သူတို့ သုံးယောက် ပထမဆုံး စတင်ဆုံတွေ့မယ့် ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ နံနက်မှာတော့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ ပိုင်တံခွန်၊ ကျော်ကျော်ဗို နဲ့ အိချောပိုတို့ သုံးယောက်ပါတဲ့ “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ အခမ်းအနား ကို တက်ရောက်လာတဲ့ ပိုင်တံခွန်၊ ကျော်ကျော်ဗို နဲ့ အိချောပိုတို့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေး လိုက်ပါတယ်နော်။

“မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ချိုဝတ်ရည် က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ကျော်ကျော်ဗိုလ်၊ ပိုင်တံခွန်၊ မင်းမြတ်စိုးစံ၊ အိချောပို နှင့် အခြားအနုပညာရှင်များစွာနဲ့ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

“မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပါဝင်မယ့် အနုပညာရှင်တွေနဲ့တင် တော်တော်လေး စိတ်ဝင်စားစရာကောင်းနေပြီနော်။ ပရီသတ်ကြီးရော “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင် အားပေးကြမှာလား?

Rowena
Source: Momolay TV

Comments are closed.