တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတော့တဲ့ လက်ရှိအချစ်ရေးာကို ပြောပြလာတဲ့ နန်းဆုရတီစိုး

တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတော့တဲ့ လက်ရှိအချစ်ရေးာကို ပြောပြလာတဲ့ နန်းဆုရတီစိုး


အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုး တို့ချစ်သူစုံတွဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အား ကျရတဲ့ ပရိသတ်အချစ်တော်တွေပဲ ဖြစ်ပါတယ်။ မနဲ့ မောင် ချစ်သူစုံတွဲ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ သစ္စာတရားတွေနဲ့ တည်ဆောက်ထားတဲ့ G Fatt နဲ့ နန်းဆုတို့ ရဲ့ ချစ်သူနှစ်ဦးကို ပရိသတ်တွေက လည်း အမြဲအားပေးနေကြတာပဲ ဖြစ်ပါတယ်။


” လောလောဆယ်တော့ နန်းဆု က စဉ်းစားနေတဲ့ အခြေအနေမို့လို့ အဆယ်အသွယ်လုပ်မခံရဘူးပေါ့ ၊ သူဆက်သွယ်လို့မရအောင်နေပါတယ်။ချစ်သူစုံတွဲတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေရှိုကြပါတယ်။ တန်ဖိုးထားတဲ့ အရာတွေကို ထိရင် ဘယ်သူမှ ခွင့်လွတ်မှာ မဟုတ်ဘူး ။ နန်းဆုက အများကြီးလည်း မမျှော်လင့်ဘူး သာမာန်လောက်ပါပဲ။ ဂုဏ်ငွေ ပကာသန တွေမလိုဘူး။နန်းဆု လိုချင်တာ ၊ သစ္စာတရားရယ်၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားရယ်ပဲ လိုချင်တာပါ။ အဲဒီထဲကမှ တစ်ခုတလေပဲ ဖြစ်ဖြစ် ၂ခုပဲ ဖြစ်ဖြစ် မရှိခဲ့ဘူးဆိုရင် အဲဒါမျိုးမပေးနိုင်တော့ဘူးဆိုရင် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်တော့ဘူးပေါ့။”

” တစ်ချို့အကြောင်းအရာတွေက ကိုယ်လက်မခံနိုင်တော့အကြောင်းအရာတွေပေါ့နော် ဥပမာ ခွင့်မလွတ်နိုင်တဲ့ အရာတွေ အများကြီးလုပ်ထားပြီးတောင်းပန်ရင် ကိုယ်ကတော့ ချစ်တဲ့စိတ် တစ်ခု တည်းနဲ့ ခွင့်လွတ်ပေးလိုက်တယ်။နောက်ပိုင်း ဘာလုပ်လုပ်တောင်းပန်ရင်ရတယ် ဆိုတာ မျိုးတွေဖြစ်လာတယ်။နန်းဆုက အကြိမ်ရေများလာတော့လည်း ချစ်တဲ့စိတ်နဲ့ နားမ လည်ပေးနိုင်တော့ဘူး ဖြစ်သွားတာပေါ့နော်။ပြတ်မှာ စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းပါဘူး အေးဆေး စဉ်းစားနေတယ်” လို့ ဖြေထားပါတယ်။

လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေ ပါလို့ ပြောလာတဲ့ နန်းဆုရတီစိုးရဲ့ အင်တာဗျူးကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;momolay tv

Comments are closed.