စင်ပေါ်မှာမုဒိန်းကျင့်ပြဖို့ ဘယ်သူမှ မပြောခဲ့ဘူးလို့ ရှင်းပြလာတဲ့ ညို မင်းလွင်

စင်ပေါ်မှာမုဒိန်းကျင့်ပြဖို့ ဘယ်သူမှ မပြောခဲ့ဘူးလို့ ရှင်းပြလာတဲ့ ညို မင်းလွင်

အခုလက်ရှိ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုပြင်းထန်နေကြတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးက သရုပ်ဆောင်တွေကို ရွေးချယ်ပြီးတဲ့နောက် မကြာခင်မှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က “မြမြ” ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်သစ်ရွေးချယ်ပွဲ ကျင်းပခဲ့ပါတယ်။ ထိုသရုပ်ဆောင်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တစ်ယောက်က စင်ပေါ်မှာ အများသူငါရှေ့ မသင့်တော်တဲ့ အမူအယာတွေကို လုပ်ပြခဲ့တာမို့ တစ်ချို့သော ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံနေရတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာဖြစ်သူ ညိုမင်းလွင်က စင်ပေါ်မှာ မုဒိန်းကျင့်တဲ့ပုံစံ လုပ်ပြခိုင်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး အခုလိုပဲ ရှင်းပြလာပါတယ်။ “ပထမတော့မပြောတော့ဘူးလို့ပဲဗျ၊ မိန်းမက တချို့အချက်လေးတွေကတော့ ရှင်းပြသင့်တယ်ဆိုလို့ iPhone အသစ်ကလည်းထွက်ခါနီးနေပြီဆိုတော့ မိန်းမစကားနားထောင်တဲ့အနေနဲ့ပေါ့လေ။”

“စင်ပေါ်မှာမုဒိန်းကျင့်ပြဖို့ ဘယ်သူမှမပြောခဲ့ဘူးဗျ။ စ ပြောကတည်းက ဒိုင်လူကြီးတွေနဲ့ပရိသတ်အာရုံ ကိုယ့်ဆီရောက်လာအောင် သီချင်းဆိုပြလိုက်တာပဲဖြစ်ဖြစ်၊ ထ အော်လိုက်တာပဲဖြစ်ဖြစ် ကြိုက်တာတစ်ခုခုလုပ်ပြနိုင်ပါတယ် လို့ပဲပြောခဲ့တာ။ ပွဲကိုရောက်လာခဲ့တဲ့လူတွေ သက်သေရှိတယ်။ ဒိုင်လူကြီးတွေကလည်း မျက်နှာအမူအရာကိုပဲ ဦးစားပေးရွေးချယ်ခဲ့တာ။”

“Public ရှေ့ထုတ်မပြချင်လို့ နဂိုကတည်းက ရိုက်ကူးရေးကို လုံးဝ မထည့်ထားခဲ့ဘူး။ Media ဘက်က သူတို့ဘာသာသူတို့ရိုက်၊ စင်ပေါ်ကအရုပ်နဲ့ အောက်ကရယ်နေတာနဲ့ကို သူတို့ သာ သူတို့ ဖြတ်ဆက်ပြီးတင်တာ။ မုဒိန်းကျင့်ပြတာကို သဘောကျလို့ထိုင်ရယ်နေကြ တာမ ဟုတ်ဘူး။”

” မြမြ ဇာတ်ကားကြောင့် မုဒိန်းမှုတွေပေါများလာလိမ့်မယ် ထင်ရင်တော့ အခုလက်ရှိဖြစ်နေ တဲ့မုဒိန်းမှုတွေက ဘာကားကြောင့်ပါလဲ လို့ပြန်မေးရတော့မှာပေါ့။ ဒီလိုပါပဲ၊ ဘာပဲဖြစ်ဖြစ် မိန်းမစ ကားနားထောင်ပါတယ်ပေါ့” ဆိုပြီး အချက်ကျကျ ရှင်းပြလာပါတယ်။


Rowena
Source: Nyo Min Lwin’s fb

Comments are closed.