သမီးငယ်လေး ဂျူဂျူးကို မိခင်နို့တိုက်ကျွေးချင်ပေ မယ့် တိုက်ကျွေးခွင့်မရတဲ့ သူမရဲ့အဖြစ်ကိုဝမ်းနည်း စွာနဲ့ပြောပြလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားနိုင်သူလေး ဖြစ်ပါတယ်နော်..ပရိသ တ်တွေ ရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူးကတော့ ကိုဗစ်ရောဂါကြောင့် အိမ်ထောင်သက် (၄)နှစ်ကျော်မှာတင်ကွယ်လွန်သွားခဲ့တာ ပဲဖြစ်ပါတယ်။

ဘယ်လိုမှမထင်မှတ်ထားရတဲ့ အချိန်မှာ မိသားစုကို ခွဲခွာကာ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်သူတွေအတွက် နှမြောတသသနဲ့ အံ့သြခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး နန်းမြတ်အတွက်တော့ လုံးဝကို ဖြေဆည်မရတဲ့ ဆုံးရှုံးမှုကြီးပါ။

နန်းမြတ်က အခုချိန်မှာတော့ သားနဲ့ သမီးအတွက်အကောင်းဆုံး ရပ်တည်နေအောင် ကြိုးစားနေသူ ပါ.။ ဒီနေ့မှာတော့ နန်းမြတ်က သမီး လေးကို မိခင်နို့မတိုက်ကျွေးဖြစ်ခဲ့တဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်ကို ဝမ်းနည်းစွာ ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ ” အမေနို့တိုက်တဲ့မေမေတွေ ကိုလဲအားကျပါတယ်နန်းမြတ်လဲတိုက်ချင်တာပေါ့သမီးလေးကိုမွေးတည်းက အမေနို့တိုက်တယ်၂နှစ်ခွဲထိမိခင်နို့တိုက်မယ်လို့ဆုံးဖြတ် ထားတာါပေမယ့် သမီးလေး၅လကျော်မှာသူ့ဖေဖေကိုဆေးရုံမှာပြုစုရလို့နို့တိုက်ခွင့်မရတော့ဘူးကိုဗစ်လူနာမို့လူနာစောင့် ကလဲနေ့ရော ညပါကိုယ်တယောက်တည်းအိမ်လဲပြန်လို့မရခဲ့ဘူး

ဆေးရုံမှာတစ်လလောက်ကြာပီးအိမ်ပြန်တော့မှနို့ပြန်တိုက်ဖို့ကြိုးစားတာဆေးတွေလဲသောက်နို့တွေလဲညှစ်ပေမယ့်နို့ကထွက်မလာတော့လို့နို့ဗူးပဲဆက် တိုက်ခဲ့ရတယ်အမေနို့တိုက်တဲ့မေမေတွေကိုချီးလဲကျူးတယ် ဂုဏ်လဲယူတယ်ဒါပေမယ့်အမေနို့တိုက်ချင်ပေမယ့်တိုက်ခွင့်မ ရတဲ့အမေတယောက်ရဲ့ရင်ထဲကိုတော့အဲ့မိခင်နို့တိုက်ပါတယ်ဆိုတဲ့မေမေတွေကနားလည်နိုင်မှာမဟုတ်ဘူး သူတို့ကစိတ်တိုင်းကျတိုက် ခွင့်ရနေတာကို..အမြင်တခုနဲ့ဝေဖန်ရတာလွယ်ပါတယ်ကိုယ်ချင်းစာရတာတော့ခက်ခဲတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းမြတ်ကို အားပေးစကား‌လေး ရေးပေးခဲ့ကြပါအုံးနော်..

Advertisement

Source: Nan Myat Phyo Thinn

Credit ; Cele World

[zawgyi]


Advertisement





Advertisement

Credit ; Cele World

Be the first to comment

Leave a Reply

Your email address will not be published.


*