ဒဏျဍာရီပုံပှငထြဲက မငြးသားလေး တဈပါးလို ဆံပငရြှညတြှနေဲ့ ကှညြ့ေ ကာငြးနတေဲ့ ပိုငတြံခှနြ

ဒဏျဍာရီပုံပှငထြဲက မငြးသားလေး တဈပါးလို ဆံပငရြှညတြှနေဲ့ ကှညြ့ေ ကာငြးနတေဲ့ ပိုငတြံခှနြ

နိုင်ငံကျော်မင်းသားချော ပိုင်တံခွန်က ယောကျာ်းပီသတဲ့ ခန္ဒာကိုယ်နဲ့ ညိုမောင်းတဲ့ အသားအရည်ကြောင့် မိန်းကလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေး တစ်ပါး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိနေပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေလျက် ရှိပါတယ်။

ပိုင်တံခွန်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒီနေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့ ပုံရိပ်တွေကို ဖော်ပြလာပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖက်ရှင်ရှိုးတစ်ခုကို တက်ရောက်ခဲ့တဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်က မနေ့က စက်တင်ဘာလ (၉) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Not Copyrighted Brand ရဲ့ ဖက်ရှင်ရှိုးပွဲကြီးကို တက်ရောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ပွဲတက်ပုံရိပ်ေ တွ ကတော့ အမိုက်စားတွေမို့ ပရိသတ်ကြီးလည်း သဘောကျနေကြမယ် ထင်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ အိချောပို၊ ကျော်ကျော်ဗိုတို့နဲ့ အတူတူ “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။

ပိုင်တံခွန်ကတော့ ပရိသတ်တွေ ကြွေကျသွားအောင် သူ့ရဲ့ အကြည့်တွေနဲ့ ဖမ်းစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paiing Takhon’s fb

Comments are closed.