ပိုက်ဆံရတိုင်းအလုပ်လုပ်ရအောင် ပိုက်ဆံလိုနေတဲ့သူမဟုတ်ဘူးလို့ ပေါက်ကွဲလိုက်တဲ့ နေခြည်ဦး

ပိုက်ဆံရတိုင်းအလုပ်လုပ်ရအောင် ပိုက်ဆံလိုနေတဲ့သူမဟုတ်ဘူးလို့ ပေါက်ကွဲလိုက်တဲ့ နေခြည်ဦး


နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ဖြစ်တဲ့ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ တို့ကို ရိုက်ကူးထားပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး နေခြည်ဦးက 7th Sense Creation နဲ့ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု များစွာလုပ်သွားဖို့ ရှိကြောင်းသိရပါတယ်။လက်ရှိမှာ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးနေတာဖြစ်သလို သရုပ်ဆောင် ဒေါင်းနဲ့လည်း ရိုက်ကူးရေး လုပ်နေတာပါ။

ဒီတစ်ခါမှာတော့ နေခြည်ဦး က ” ပိုက်ဆံရမှ ကြော်ငြာရအောင်ပိုက်ဆံလိုနေတာလဲ မဟုတ်။ပိုက်ဆံပေးတိုင်း ကြော်ငြာပေးရအောင်လဲ Billboardလဲ မဟုတ် ။Personal branding ကို ကြိုးကြိုးစားစားလုပ်နေတဲ့လူငယ်လေးတစ်ယောက်ပါကွာအရာရာကို ငွေနဲ့ တန်ဖိုးမဖြတ်စေချင်ဘူး” ဆိုပြီး ပြောထားပါတယ်။

နေခြည်ဦး ပေါက်ကွဲပြီး ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါ တယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nay chi oo

Comments are closed.