
သားဖြစ်သူရဲ့ မင်္ဂလာနှစ်ပတ်လည် အတွက် ဆုတောင်းပေးလိုက်တဲ့ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမ
သရုပ်ဆောင်လွင်မိုးရဲ့ ချစ်မဝတဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေက ခေးလေးယွန်းဆိုပြီး သဲသဲလှုပ်အချစ်ပိုနေကြရသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ အရမ်းချစ်ရတဲ့ ခင်ပွန်းရယ်၊ အရုပ်လေးလို ချစ်စရာကောင်းတဲ့ သားသားလေး Liam (လွင်ထက်) လေးရယ်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီး ပိုင်ဆိုင်ထားတာပါ။ ဒီနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ခေးလေးယွန်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ် ပတ်လည်နေ့လေးမှာတော့ ယောက္ခမဖြစ်သူက ကြည်ကြည်နူးနူးနဲ့ ဆုတောင်းစကားတွေ ပြောပေးခဲ့တာ တွေ့ရပါတယ်။


ချစ်ပရိသတ်တွေအတွက် သားနဲ့သမီးရဲ့ Anniversary နေ့လေးမှာ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကို ဆုမွန်ကောင်းတွေ တောင်းပေးခဲ့တဲ့ ခေးလေးယွန်းရဲ့ ယောက္ခမအကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်နှာချိုလွန်းလှယွန်းဝတီလွင်မိုးလေးရဲ့ သားလေး Liam ကလည်း အဖိုး၊ အဖွား၊ အဖေ၊ အမေတွေသာမက ပရိသတ်တွေကပါ အချစ်ပိုနေကြရတာပါ။
ချစ်စရာကောင်းတဲ့ မိသားစုလေး

ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမကတော့”သားနဲ့သမီး ဖိုးသားလေးရဲ့ဖေဖေနဲ့မေမေတို့ရဲ့တနှစ်ပြည့်မင်္ဂလာပါ ထာဝရတည်မြဲသော အိမ်ထောင်ရေးကိုဦးစီးနိုင်သောမေမေယွန်းအတွက်ခင်ပွန်းကောင်းဖြစ်ပြီးဖိုးသားလေးလွင်ထက်ရဲ့ဖခင်ကောင်းဖြစ်ပါစေလို့မေမေshwe htut tinကဆုတောင်းပေးပါတယ်” လို့ ချစ်စဖွယ်လေး ဆုတောင်းစကား ရေးသားထားတာပါ။
မြေးလေးကို အချစ်ပိုနေတဲ့ ဖွားဖွား

ယွန်းဝတီလွင်မိုးလေးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလ ၄ရက်နေ့က ချစ်ရသူနဲ့ လက်ထပ်ပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့လေးမှာတော့ တစ်နှစ်တိတိ ပြည့်သွားခဲ့ပါပြီ။ သူတို့နှစ်ဦးရဲ့သားဦးလေး Liam ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်လ ၆ ရက်နေ့မှာ မွေးဖွားသန့်စင်ခဲ့တာပါ။ အခုလက်ရှိမှာတော့ မြန်မာပြည်မှာ အနုပညာအလုပ်တွေ လုပ်ကိုင်ဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးကတော့ သိပ်မကြာခင်မှာ သြစတေးလျသို့ပြန်ပြီး ကျောင်းတက်ဖို့ရှိတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ယွန်းဝတီလွင်မိုး ယောက္ခမရဲ့အရမ်းကို တန်ဖိုးရှိတဲ့ ဆုတောင်းစကားလေးကို သဘာကျရင် share သွားကြဖို့ မမေ့နဲ့ဦးနော်။
Credit-Momolay