မန္ယူႏိုက္တက္ရဲ႕ အေျပာင္းအေရႊ႕အစီအစဥ္မ်ားကို ခ်ီးက်ဴးလိုက္တဲ့ နည္းျပဆုိးရွား

မန္ယူႏိုက္တက္ရဲ႕ အေျပာင္းအေရႊ႕အစီအစဥ္မ်ားကို ခ်ီးက်ဴးလိုက္တဲ့ နည္းျပဆုိးရွား

ZawGyi]

နည္းျပအိုလီဂန္းနားဆိုးရွားကေတာ့ မန္ယူႏိုက္တက္ရဲ႕အေျပာင္းအေရႊ႕အစီအစဥ္မ်ားဟာ ထူးျခားေကာင္းမြန္လြန္းတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

သရဲနီတို႔ရဲ႕ ယာယီနည္းျပဟာ နည္းျပေဟာင္းဟိုေဆးေမာ္ရင္ညိဳရဲ႕ေနရာကို အစားဝင္ေရာက္လာျပီးေနာက္ ပထမဆံုးကိုင္တြယ္ခဲ့တဲ့ ပြဲစဥ္ (၄)ပြဲမွာ ရာႏႈန္းျပည့္ႏိုင္ပြဲရလဒ္ကို ပံုေဖာ္ထားႏိုင္ပါတယ္။

ေပၚတူဂီသားအေနနဲ႔ အိုးထရက္ဖို႔ဒ္ကေန မထြက္ခြာခင္မွာ အသင္းရဲ႕အေျပာင္းအေရႊ႕လႈပ္ရွားမႈေတြနဲ႔ပတ္သက္လို႔ ေဝဖန္ခဲ့ေပမယ့္ နည္းျပဆိုးရွားကေတာ့ သေဘာက်ႏွစ္ျခိဳက္ေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ လက္ရိွအေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ဝင္ေရာက္လႈပ္ရွားေနျပီး အသင္းခံစစ္ပိုင္းအတြက္ ေနာက္ခံလူသစ္တဦးကို ေခၚယူလိမ့္မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

” အသင္းဟာ အေျပာင္းအေရႊ႕အတြက္ အစီအစဥ္ေတြ ရိွထားျပီးသားပါ။ ေနာက္ေန႔အတြက္၊ ေနာက္လအတြက္ဆိုျပီး လုပ္လု႔ိမရပါဘူး။ အေျပာင္းအေရႊ႕ေစ်းကြက္ဟာ ေႏြရာသီကတည္းက အစီအစဥ္ခ်ထားရတာမ်ိဳးပါ။ အသင္းရဲ႕အစီအစဥ္ေတြဟာ ထူးျခားေကာင္းမြန္လွပါတယ္။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

” အသင္းအေနနဲ႔ ပစ္မွတ္ေတြကို အရေခၚယူႏိုင္လိမ့္မယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ ကြ်န္ေတာ္လည္း ဒီအစီအစဥ္ေတြထဲမွာ ပါဝင္မွာပါ။ ေသခ်ာတဲ့တခုခုရျပီဆိုရင္ ကြ်န္ေတာ္ရယ္၊ အက္ဒ္ဝုဒ္ဝက္ဒ္ရယ္ ေဆြးေႏြးတိုင္ပင္ၾကမွာ အေသအခ်ာပါပဲ။ ”

ဆိုးရွားက ” ကြ်န္ေတာ္ ဒီကိုေရာက္လာတာဟာ ကြ်န္ေတာ့္အတြက္ ရိွသမွ်သူေတြနဲ႔ အတူတြဲအလုပ္လုပ္ဖို႔ ျဖစ္ပါတယ္။ အားလံုးက ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ေနၾကပါတယ္။ ကြ်န္ေတာ္ရဲ႕အလုပ္ကလည္း အသင္းအေနနဲ႔ေရာ၊ ကစားသမားေတြ တဦးခ်င္းအေနနဲ႔ပါ တိုးတက္မႈေတြ ရိွလာဖို႔ပဲေလ။ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Ref : Goal

[Unicode]
နည်းပြအိုလီဂန်းနားဆိုးရှားကတော့ မန်ယူနိုက်တက်ရဲ့အပြောင်းအရွှေ့အစီအစဉ်များဟာ ထူးခြားကောင်းမွန်လွန်းတယ်လို့ ချီးကျူးခဲ့ပါတယ်။

သရဲနီတို့ရဲ့ ယာယီနည်းပြဟာ နည်းပြဟောင်းဟိုဆေးမော်ရင်ညိုရဲ့နေရာကို အစားဝင်ရောက်လာပြီးနောက် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် (၄)ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရလဒ်ကို ပုံဖော်ထားနိုင်ပါတယ်။

ပေါ်တူဂီသားအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ မထွက်ခွာခင်မှာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ခဲ့ပေမယ့် နည်းပြဆိုးရှားကတော့ သဘောကျနှစ်ခြိုက်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဝင်ရောက်လှုပ်ရှားနေပြီး အသင်းခံစစ်ပိုင်းအတွက် နောက်ခံလူသစ်တဦးကို ခေါ်ယူလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

” အသင်းဟာ အပြောင်းအရွှေ့အတွက် အစီအစဉ်တွေ ရှိထားပြီးသားပါ။ နောက်နေ့အတွက်၊ နောက်လအတွက်ဆိုပြီး လုပ်လု့ိမရပါဘူး။ အပြောင်းအရွှေ့ဈေးကွက်ဟာ နွေရာသီကတည်းက အစီအစဉ်ချထားရတာမျိုးပါ။ အသင်းရဲ့အစီအစဉ်တွေဟာ ထူးခြားကောင်းမွန်လှပါတယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

” အသင်းအနေနဲ့ ပစ်မှတ်တွေကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်လည်း ဒီအစီအစဉ်တွေထဲမှာ ပါဝင်မှာပါ။ သေချာတဲ့တခုခုရပြီဆိုရင် ကျွန်တော်ရယ်၊ အက်ဒ်ဝုဒ်ဝက်ဒ်ရယ် ဆွေးနွေးတိုင်ပင်ကြမှာ အသေအချာပါပဲ။ ”

ဆိုးရှားက ” ကျွန်တော် ဒီကိုရောက်လာတာဟာ ကျွန်တော့်အတွက် ရှိသမျှသူတွေနဲ့ အတူတွဲအလုပ်လုပ်ဖို့ ဖြစ်ပါတယ်။ အားလုံးက ကောင်းကောင်း စွမ်းဆောင်နိုင်နေကြပါတယ်။ ကျွန်တော်ရဲ့အလုပ်ကလည်း အသင်းအနေနဲ့ရော၊ ကစားသမားတွေ တဦးချင်းအနေနဲ့ပါ တိုးတက်မှုတွေ ရှိလာဖို့ပဲလေ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Ref : Goal

Comments are closed.