ခင်ပွန်းဖြစ်သူ ဒေါက်တာဉာဏ်လင်းဦးရဲ့ဈာပနာ ကို လိုက်ပို့ရင်း အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ ဆုတောင်းစကားတွေဆိုလိုက်တဲ့ ငွေ တီဦး

ခင်ပွန်းဖြစ်သူ ဒေါက်တာဉာဏ်လင်းဦးရဲ့ဈာပနာကိုလိုက်ပို့ရင်း အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ ဆုတောင်းစကား တွေဆိုလိုက်တဲ့ ငွေတီဦး…

သရုပ်ဆောင် အကယ်ဒမီပြေတီဦးရဲ့ ညီမရင်းဖြစ်သူ ငွေတီဦးကတော့ ဖခင်ကိုဆုံးရှုံးပြီး သုံးလကျော်အကြာမှာပဲ (၁၀) နှစ်ကြာပေါင်းသင်းခဲ့ တဲ့ခ င်ပွန်းကိုပါ ထပ်မံဆုံးရှုံးခဲ့ရတာမို့ ပရိသတ်တွေက ဂရုဏာသက်နေကြတာပဲဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၂၂) ရက်နေ့မှာတော့ ငွေတီဦးရဲ့ခင်ပွန်း ဒေါက်တာဉာဏ်လင်းဦးရဲ့ ရုပ်အလောင်းကို ဂူသွင်းသဂြိုလ်ခဲ့ပြီး ငွေတီဦးက ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံးခရီးမှာ အခုလိုပဲ ရေးသားလာပါတယ်။

“ကို့ ရဲ့ နောက်ဆုံးခရီး.. အစစ အရာရာ ပြည့်ပြည့်စုံစုံနဲ့ အေးအေးချမ်းချမ်း နောက်ဆံမတင်းဘဲ ထွက်သွားလို့ရအောင် စေတနာ မေတ္ တာအပြည့်နဲ့ စီစဉ်ပေးကြတဲ့ မိတ်ဆွေများ ညီအကို မောင်နှမများ..လှူဖွယ်ပစ္စည်းတွေ ပို့ပေးကြတဲ့မိတ်ဆွေများ.. ကို့ ကို ချစ်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်များ..နေမကောင်းဖြစ်စဉ်မှာထဲက အစားအသောက်များ ဆေးများ ပို့ပေး ကူညီပေးကြတဲ့ မိတ်ဆွေကောင်းများကို ရင်ထဲက အရမ်းကိုကျေးဇူးတင်ပါတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ပေမယ့် သူ့လောက်ကံကောင်းအောင် ကျွန်မတို့ ကြိုးစားကြရဦးမယ်။ ဒီဘဝမှာ သက်တမ်းတိုပေမယ့် နေရသခိုက် ပျော်ပျော်ရွှင်ရွှင် ပြည့်ပြည့်စုံစုံ နေခွင့်ရတဲ့ ကံရယ်..”

“နေမကောင်းချိန်မှာလဲ အစစ လိုလေးသေးမရှိ ပြုစုခံ ကုသခံပြီး အဆင်အပြေဆုံးဖြစ်အောင် အေးချမ်းစွာဖြတ်သန်းပြီး ဘဝကူးနိုင်တဲ့ကံ ရယ်.. အော်.. ကိုယ့်အလှည့်ကျ သူ့လောက်တောင် ကံကောင်းနိုင်ပါ့မလားလို့ တွေးမိရတယ်။ နောက်ဘဝကျ ဒီ့ထက်ပိုပြီး ကံကောင်းပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ သံသရာမှာ ကျဉ်လည်ရဦးမှာမို့ တစ်ကွေ့ကွေ့ပြန်တွေ့ကြရင် မှတ်မိပါစေလို့ မှာလိုက်တယ်။ သံသရာက ဝင်္ကဘာလိုပဲ မျက်စိလည်တတ်တာမို့ သိပ်အကြာကြီး လျှောက်လည်မနေဘဲ ဒီဘဝမှာ ရှာချင်ခဲ့တဲ့ တရားကို နောက်ဘဝကူးတာနဲ့ မမေ့ခင် မြန်မြန်ရှာဖို့လဲ မှာလိုက်တယ်။

Advertisement

ရှည်လျားလွန်းတဲ့သံသရာခရီးမှာ သတ္တဝါတိုင်းဟာ အသက်ရှည်စေတဲ့ ကုသိုလ်ကံတွေလဲ ပြုခဲ့ကြသလို အသက်တိုစေတဲ့ အကုသိုလ်ကံ တွေလဲ ပြုခဲ့ကြဘူးတယ်တဲ့။ ဘယ်ကံက ဘယ်ဘဝမှာ အကျိုးပေးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူးတဲ့။ ကောင်းအောင်နေထိုင်သည် ဖြစ်စေ..ဆိုးအောင်နေထိုင်သည်ဖြစ်စေ ကံအကျိုးသက်ရောက်တဲ့ ဘဝအတိုင်း ဖြစ်ရမှာပါပဲတဲ့..”

“စိတ်ထားမကောင်းလို့ ဘုရားတရားမလုပ်လို့ စောစောသေရတာမျိုးလည်း မဟုတ်ဘူးတဲ့။ ဆိုးမိုက်နေပေမယ့်လည်း အသက်ရှည်မယ့်ကံ အကျိုးပေမယ့်ဘဝနဲ့ ကြုံရင် အသက်ရှည်နိုင်တယ်တဲ့။ အသက်တိုမယ့်ကံ အကျိုးပေးမယ့် ဘဝမှာမှ ချစ်နဲ့လာဆုံရတဲ့အတွက်တော့ စိတ်လဲမကောင်းဘူး စိတ်လဲဆိုးတယ် ကိုရေ..အတူနေခဲ့စဉ်တလျှောက်လုံး ချစ်ဘာလုပ်လုပ် No ဆိုတာမရှိခဲ့တာရယ်.. ချစ်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်းလက်ခံပေးပီး ပြင်ဆင်ဖို့ ၁% တောင် မကြိုးစားခဲ့တာရယ်အတွက်လည်း ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။

ကို့ကို ကောင်းစေချင်တဲ့စိတ်နဲ့ တချို့အရာတွေကို အပြုသဘောနဲ့ ထောက်ပြပြင်ဆင်ဖို့ ကြိုးစားခဲ့မိလို့ စိတ်ရှုပ်ခဲ့ရရင် ခွင့်လွှတ်ဖို့လဲ တောင်း ပန်ခဲ့တယ်..(စိတ်မဆိုးဘူး ဆိုတာလဲ သိပါတယ် ကိုရယ်)”ချစ်ဆုံး.. ကို ဘာဝတ်ရမှာလဲ ပြော” လို့ မမေးတော့ပေမယ့် အရင်တုန်းကလိုပဲ ချစ်နဲ့ အရောင်ဆင်တူလေး ရွေးပေးဖြစ်ခဲ့တယ်။ ကို သက်တောင့်သက်သာ ဖြစ်ပါစေ။ နောက်ဆုံးအချိန်ထိ ကို့လက်ကို ဆုပ်ကိုင်ပေး ထားတယ်ဆိုတာ ကိုသိပါစေ။ နောက်ဘဝမှာ ဒီ့ထက်ပိုချစ်နိုင်မယ့် ပါရမီဖြည့်ဖက်ကောင်းရပီး သံသရာဝတ်ဆင်းရဲက အမြန်ဆုံး ရုန်းထွ က်လွတ်မြောက်နိုင်ပါစေ..” ဆိုပြီး ရေးသားထားပါတယ်။

ငွေတီဦးကတော့ တစ်ဘဝချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာဉာဏ်လင်းဦးရဲ့ နောက်ဆုံးခရီးမှာ အပြည့်စုံဆုံးဖြစ်အောင် အစစအရာရာပြင်ဆင်ပေးရင်း ဆုတောင်းစကားတွေအများကြီးမှာကြားပေးခဲ့တာ ဝမ်းနည်းစရာပါပဲနော်။

Advertisement

Source: Ngwe Ou’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*