သားဖြစ်သူအတွက် ဂုဏ်ယူပါတယ်လို့ဆိုလိုက်တဲ့ ပြည်သူ့မင်းသားလေး ပိုင်တံခွန်ရဲ့ မိခင်

ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလကတည်းကစလို့ ပရိသတ်တွေနဲ့ထပ်တူ ရပ်တည်ခဲ့တဲ့သူဖြစ်သလို အမှန်တရားအတွက် သတ္တိရှိရှိ စွန့်လွှတ်အနစ်နာခဲ့ တဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ့မင်းသား လေး ပိုင်တံခွန်ဟာဆိုရင် ပြီခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ရုံးချိန်းမှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ ထောင်ထဲကိုရောက်နေခဲ့ပေမယ့် သူ့ရဲ့နာမည်ကတော့ ကမ္ဘာကျော်နေတုန်းပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ  TC Candler မှ  ထုတ်ပြန်ကြေညာတဲ့ ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား ၁၀၀ စာရင်းထဲမှာ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲတွေကို ကျော်လွန်ပြီး နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ ကမ္ဘာ့ ရုပ်အချောဆုံးစာရင်းကို အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာစ်ဗီးဂက်စ် အခြေစိုက် TC Candler မှ ၁၉၉၀ ခုနှစ်ကတည်းက  ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ TC Candler မှထုတ်ပြန်ကြေညာတဲ့ ကမ္ဘာ့ရုပ်အချောဆုံး အယောက် ၁၀၀ စာရင်းထဲမှာ ပါဝင်လာခဲ့ တာ အခုအကြိမ်နဲ့ဆိုရင် ဒုတိယ အကြိမ်မြောက်ရှိနေပါပြီ။ ပထမအကြိမ်တုန်းကတော့ နံပါတ် ၁၀ နေရာမှ ရှိနေခဲ့တာပါ။ အခုတစ်ခေါ က်မှာ တာ့ နံပါတ် ၁ နေရာကိုရရှိပိုင်ဆိုင်သွားခဲ့တာပဲဖြစ်ပါတယ်။ ထောင်ထဲကိုရောက်ရှိနေပေမယ့် နာမည်က ကမ္ဘာပတ်နေတဲ့ သားဖြ စ်သူလေးအတွက် ပိုင်တံခွန်ရဲ့ မိခင်ကြီးက သူမရဲ့ သားလေးအတွက် ဂုဏ်ယူကြောင်း အခုလိုလေးဆိုလာခဲ့ပါတယ်။

“သားအတွက် မေမေ ဂုဏ်ယူပါတယ် သားရေ…

Advertisement

ဂုဏ်ယူရတဲ့ မေမေ့သားအတွက် မေမေ ကျန်းမာအောင်နေပါ့မယ်…”

အန်တီရေးထားတဲ့ စာလေးက အရမ်းကို တိုပေမယ့် မိခင်တစ်ယောက်ရဲ့ သားဖြစ်သူအပေါ်ထားတဲ့ ချစ်တဲ့စိတ် ၊ ဂုဏ်ယူနေတဲ့စိတ်၊ စိတ်ချစေချင်တဲ့စိတ် လေးတွေကို အတိုင်းသား တွေ့မြင်နေရပါတယ်။ ပြည်သူ့မင်းသားလေး ပိုင်တံခွန်ရဲ့ အောင်မြင်မှုဟာလည်း မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေအားလုံးအတွက်ပါ ဝမ်းသာဂုဏ်ယူဖို့ကောင်းတဲ့ သတင်းကောင်းလေး ဖြစ်ပါတယ်။ ဒါကြောင့်  ပိုင်တံခွန်အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေဖို့အတွက် ဝိုင်းပြီးဆုတောင်းပေးကြရအောင်နော်။

Source – Aunty Kyu Kyu ‘s Facebook

[zawgyi]

Advertisement

ျပည္သူ႔မင္းသားေလး ပိုင္တံခြန္ဟာ ေဖေဖာ္ဝါရီလကတည္းကစလို႔ ပရိသတ္ေတြနဲ႔ထပ္တူ ရပ္တည္ခဲ့တဲ့သူျဖစ္သလို အမွန္တရားအတြက္ သတၱိရွိရွိ စြန႔္လႊတ္အနစ္နာခဲ့ တဲ့သူျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕အင္းစိန္အက်ဥ္းေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျပည္သူ႔မင္းသား ေလး ပိုင္တံခြန္ဟာဆိုရင္ ၿပီခဲ့တဲ့ ဒီဇင္ဘာ ၂၇ ရက္ေန႔႐ုံးခ်ိန္းမွာ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ျပည္သူ႔မင္းသားေလး ပိုင္တံခြန္ဟာ ေထာင္ထဲကိုေရာက္ေနခဲ့ေပမယ့္ သူ႔ရဲ႕နာမည္ကေတာ့ ကမာၻေက်ာ္ေနတုန္းပဲျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ  TC Candler မွ  ထုတ္ျပန္ေၾကညာတဲ့ ၂၀၂၁ ခုႏွစ္ရဲ႕ ကမာၻ႔႐ုပ္အေခ်ာဆုံး အမ်ိဳးသား ၁၀၀ စာရင္းထဲမွာ ကမာၻေက်ာ္ ဒိတ္ဒိတ္ႀကဲေတြကို ေက်ာ္လြန္ၿပီး နံပါတ္ ၁ ေနရာကို ရရွိခဲ့ပါတယ္။ ကမာၻ႔ ႐ုပ္အေခ်ာဆုံးစာရင္းကို အေမရိကန္ျပည္ေထာင္စု နီဗားဒါးျပည္နယ္ လာစ္ဗီးဂက္စ္ အေျခစိုက္ TC Candler မွ ၁၉၉၀ ခုႏွစ္ကတည္းက  ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ျပည္သူ႔မင္းသားေလး ပိုင္တံခြန္ဟာ TC Candler မွထုတ္ျပန္ေၾကညာတဲ့ ကမာၻ႔႐ုပ္အေခ်ာဆုံး အေယာက္ ၁၀၀ စာရင္း ထဲ မွာ ပါဝင္လာခဲ့ တာ အခုအႀကိမ္နဲ႔ဆိုရင္ ဒုတိယ အႀကိမ္ေျမာက္ရွိေနပါၿပီ။ ပထမအႀကိမ္တုန္းကေတာ့ နံပါတ္ ၁၀ ေနရာ မွ ရွိေနခဲ့တာပါ။ အခုတစ္ေခါ က္မွာ တာ့ နံပါတ္ ၁ ေနရာကိုရရွိပိုင္ဆိုင္သြားခဲ့တာပဲျဖစ္ပါတယ္။ ေထာင္ထဲကိုေရာက္ ရွိေနေပမယ့္ နာမည္က ကမာၻပတ္ေနတဲ့ သားျဖ စ္သူေလးအတြက္ ပိုင္တံခြန္ရဲ႕ မိခင္ႀကီးက သူမရဲ႕ သားေလးအတြက္ ဂုဏ္ယူေၾကာင္း အခုလိုေလးဆိုလာခဲ့ပါတယ္။

“သားအတြက္ ေမေမ ဂုဏ္ယူပါတယ္ သားေရ…

Advertisement

ဂုဏ္ယူရတဲ့ ေမေမ့သားအတြက္ ေမေမ က်န္းမာေအာင္ေနပါ့မယ္…”

အန္တီေရးထားတဲ့ စာေလးက အရမ္းကို တိုေပမယ့္ မိခင္တစ္ေယာက္ရဲ႕ သားျဖစ္သူအေပၚထားတဲ့ ခ်စ္တဲ့စိတ္ ၊ ဂုဏ္ယူေနတဲ့စိတ္၊ စိတ္ခ်ေစခ်င္တဲ့စိတ္ ေလးေတြကို အတိုင္းသား ေတြ႕ျမင္ေနရပါတယ္။ ျပည္သူ႔မင္းသားေလး ပိုင္တံခြန္ရဲ႕ ေအာင္ျမင္မႈ ဟာလည္း ျမန္မာတစ္ႏိုင္ငံလုံးမွာ ရွိတဲ့ ပရိသတ္ေတြအားလုံးအတြက္ပါ ဝမ္းသာဂုဏ္ယူဖို႔ေကာင္းတဲ့ သတင္းေကာ င္းေလး ျဖစ္ပါတယ္။ ဒါေၾကာင့္  ပိုင္တံခြန္အျမန္ဆုံး ျပန္လည္လြတ္ေျမာက္လာေစဖို႔အတြက္ ဝိုင္းၿပီးဆုေတာင္းေပးၾက ရေအာင္ေနာ္။

Source – Aunty Kyu Kyu ‘s Facebook

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*