ခငဗြွားသမီးသာ မုဒိနြးကငွြ့ခံ ရမ ယြ ဆိုရငြ အဲ့အကှောငြးကို ရုပရြှငရြိုကြ ခှငြ့ေ ပးမှာလား” ဆိုတဲ့ မေးခှနြး ကိုဖှလောတဲ့ ညိုမငြးလှငြ

ခငဗြွားသမီးသာ မုဒိနြးကငွြ့ခံ ရမ ယြ ဆိုရငြ အဲ့အကှောငြးကို ရုပရြှငရြိုကြ ခှငြ့ေ ပးမှာလား” ဆိုတဲ့ မေးခှနြး ကိုဖှလောတဲ့ ညိုမငြးလှငြ

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးက ယခုတလော ပရိသတ်ေ တွကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် လူကြမ်း သရုပ်ဆောင် ရွေးချယ်ပွဲမှာကတည်းက ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရ တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မုဒိန်းမှုတွေ ပေါများနေတဲ့အချိန်မှာ စင်ပေါ်တက်ပြီး မုဒိန်းကျင့်ပြတဲ့ သရုပ်ဆောင်မှုကို မလုပ်ပြသင့်ဘူးလို့ ထင်မြင်နေကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ပရိသတ်တစ်ယောက်က ညိုမင်းလွင်ရဲ့ ပိုစ့်အောက်မှာ “ခင်ဗျားတို့လင်မယား မွေးလာတဲ့သမီးက မပြောကောင်းမဆိုကောင်း မုဒိန်းကျင့်လိုက်ရတယ်ဆိုပါစို။့ အဲ့ဒီ့အကြောင်းကို ဒါရိုက်တာတစ်ယောက်က ဗွီဒီယိုရိုက်ချင်ပါတယ်လို့ ကမ်းလှမ်းလာခဲ့ရင် ခင်ဗျားလက်ခံမလား ငြင်းလိုက်မှာလား သိချင်ပါတယ်ဗျ” ဆိုပြီး သူသိချင်တာကို ပွင့်ပွင့် လင်းလင်း မေးလာပါတယ်။

ထိုပရိသတ်ရဲ့ မေးခွန်းကို ဒါရိုက်တာ ညိုမင်းလွင်က “အများပြည်သူသင်ခန်းစာြ ပန်ရ မယ် ဆိုရင် သိပ်ကိုကုသိုလ်ရနိုင်တဲ့ကိစ္စပေါ့ဗျာ၊ ငြင်းစရာမရှိပါဘူး။ ကိုယ်ကသူများအကြောင်း ရိုက်ပြီး ကိုယ့်အကြောင်း သူများရိုက်ချင်ပါတယ်လို့ ခွင့်တောင်းလာရင် ဒါရိုက်တာကလည်း တကယ်လုပ်မယ့်လူဆိုရင် ခွင့်ပြုရမှာပေါ့။” ဆိုပြီး ဖြေကြားလာပါတယ်။

“မြမြ” ဇာတ်လမ်းက ပြီးခဲ့တဲ့ သြင်္ကန်နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံစက်မှုဇုန်မှာ ဖြစ်ပွား ခဲ့တဲ့ မြမြဝိညာဉ် ပူးကပ်ခံရတဲ့ ကိစ္စကို အခြေခံပြီး ဒါရိုက်တာ ညိုမင်းလွင်က ပြန်လည်ရိုက်ကူး မှာဖြစ်ပြီး သင်ဇာဝင့်ကျော်က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ သူယုံကြည်ရာ အနုပညာကို ရဲရဲဝံ့ဝံ့ချပြဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း “မြမြ” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေး ကြပါဦးနော်။

Rowena
Source: Nyo Min Lwin’s fb

Comments are closed.