မိဘ တိုင်းကြည့်သင့်တဲ့ သက်ငယ် မုဒိမ်း ပညာပေး ရုပ်ရှင်ဇာတ်ကား

မိဘ တိုင်းကြည့်သင့်တဲ့ သက်ငယ် မုဒိမ်း ပညာပေး ရုပ်ရှင်ဇာတ်ကား

ဖုန်း ထဲက ညစ်ညမ်းကားတွေကြောင့် သက်ငယ်မုဒိမ်းမှု ဖြစ်နေရတယ် ဆိုတဲ့ ပန်းငုံကြွေသင့် မကြွေသင့်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ရဲထွန်းမြတ်က ရိုက်ကူပြီး နေဆန်း က အဓိက ပါဝင်သရုပ်ဆောင်ထားကာ အခြားသော သရုပ်ဆောင် သစ်တွေလဲ များစွာပါဝင်ပါ တယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားဟာ သက်ငယ်မုဒိမ်းမှုကို အဓိကပညာပေးအဖြစ် ရိုက် ကူးထားတာဖြစ်ပြီး အဲ့ဒီထဲမှာ ညစ်ညမ်းရုပ်ရှင်ဇာတ်ကားတွေ ဓာတ်ပုံတွေကြောင့်လဲ ဒီလို လူမဆန်တဲ့ ကိစ္စတွေ ဖြစ်ပျက်နေတယ်ဆိုတာကို ဦးစားပေး ရိုက်ကူးထားတာဖြစ်တယ် လို့လဲ သိရပါတယ် ။

ပန်းငုံကြွေသင့်မကြွေသင့်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ ရဲထွန်းမြတ် က သူ့ရဲ့ ရည်ရွယ်ချက်လေးကို “ အရွယ်မရောက်သေးတဲ့ကလေးတွေ အဓ္ဓမပြုကျင့်ခံရတဲ့ အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အသိတရားလေးတွေ ပေးတာပေါ့နော်။ လူမှုပတ်ဝန်းကျင်မှာ ဖုန်းတွေပြောလာတာနဲ့ အမျှ အရွယ်မရောက် သေးတဲ့ကလေးငယ်တွေဆို မကောင်းတဲ့ ညစ်ညမ်းကားတွေ ကြည့်ကြတယ်”

“ စိတ်တွေက ပညာသင်ရမယ့် အရွယ်မှာ ပညာမသင်ဘူး တစ်ချို့ကြတော့လဲ မကောင်းတဲ့ စိတ်တွေထကြွလာတာပေါ့နေ်ာ နောက်တစ်ခုက ကိုယ့်ရဲ့ သမီးအရွယ်လောက်လေးတွေ တူမအရွယ်လောက်လေးတွေ ညီမအရွယ်လောက်လေးတွေကို အရွယ်မရောက်သေးတဲ့ ကလေးတွေကို အဲ့ဒီကားတွေကြည့်ပြီး စိတ်တွေဖောက်ပြန်လာကြတယ် ဒါမျိုတွေက ကျွန်ေ တာ် တို့ နိုင်ငံမှာ မရှိသင့်ဘူး မဖြစ်သင့်ဘူး ဒါတွေကိုပြရုပ်တစ်ခုကို သင်ခန်းစာပေးတဲ့အနေနဲ့ ရိုက်ထားတာပါ” လို့လဲ ပြောပြထားပါတယ်။

အဆိုပါ ဒါရိုက်တာက ပညာပေးရုပ်ရှင်ဇာတ်ကားတွေကိုဘဲ ရိုက်ကူးပုံဖော်တာများနေပြီး လက်ရှိမှာတော့ ဘဝထဲကဖုန်းတစ်လုံး ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ကို ရိုက် ကူးပြီးစီခဲ့ပြီး ဂိမ်းဆွဲလမ်းမှု ပပျောက်ရေးအတွက်လဲ ပညာပေးရုပ်ရှင်ဇာတ်ကားလေးတွေ ရိုက်ကူးပုံဖော်ထားတယ်လို့ သူကဆိုပါတယ်။ ပန်းငုံကြွေ သင့်မကြွေသင့် ရုပ်ရှင် ဇာတ်ကား ကြီးရဲ့ Official Trailer ( Child Sexual Abuse ) ကို ပါတွဲဖက် ဖော်ပြပေး လိုက်ပါ တ ယ်နော်။ ဖတ်ရှု့ပေးသူအားလုံးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Comments are closed.