
လက္က်န္ပြဲစဥ္အားလံုးကို မန္ယူႏို က္တက္အသင္း အႏိုင္ယူႏိုင္စြမ္း ရိွေၾကာင္း ဆိုးရွားၾကံဳးဝါး
ZawGyi]
နည္းျပဆိုးရွားကေတာ့ သူ႔ရဲ႕မန္ယူႏိုက္တက္အသင္းဟာ ဒီရာသီ လက္က်န္ပြဲစဥ္တိုင္းကို အႏိုင္ယူႏိုင္စြမ္းရိွေၾကာင္း ၾကံဳးဝါးေျပာဆိုခဲ့ပါတယ္။
ဒီဇင္ဘာလမွာ နည္းျပေမာ္ရင္ညိဳကို ယူႏိုက္တက္အသင္း ရာထူးကေန ထုတ္ပယ္ခဲ့ျပီးေနာက္ ဆိုးရွားက ယာယီနည္းျပအျဖစ္ ေဆာင္ရြက္ေနကာ ရလဒ္ေကာင္းေတြ ရယူႏုိင္ေနတာ ျဖစ္ပါတယ္။

ကိုင္တြယ္ခဲ့တဲ့ပြဲစဥ္ (၄)ပြဲစလံုးကို အႏိုင္ရရိွခဲ့တဲ့အျပင္ အဆိုပါပြဲေတြမွာ သြင္းဂိုး (၁၄)ဂိုးအထိ ရိွခဲ့ျခင္းဟာ ဆုိးရွားရဲ႕ ယူႏိုက္တက္နည္းျပဘဝအစကို လွပေစခဲ့ပါတယ္။
တိုက္စစ္မွဴးလူကာကူ၊ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕သြင္းဂိုးေတြနဲ႔ နယူးကာဆယ္အသင္းကို (၂)ဂုိးျပတ္အႏိုင္ယူခဲ့ျပီးေနာက္မွာေတာ့ ဆိုးရွားဟာ သူ႔ရဲ႕အသင္းကို ယံုၾကည္မႈပိုမိုရွိလာခဲ့တာပါ။
” ဒီလိုအသင္းကို ေရာက္လာခ့ဲမွေတာ့ ကြ်န္ေတာ္တို႔အေနနဲ႔ အႏိုင္ရလဒ္ကလြဲျပီး မွန္းစရာမရိွဘူးေလ။ ” လို႔ ဆိုးရွားက FA ဖလားပြဲစဥ္မတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ ဆုိပါတယ္။

” ေလးပြဲဆက္အႏိုင္ရျပီးခ်ိန္မွာေတာ့ ေနာက္ထပ္ႏိုင္ပြဲေတြကိုလည္း ေမွ်ာ္လင့္လို႔ ရလာျပီေလ။ ကြ်န္ေတာ့္အထင္ေတာ့ ကြ်န္ေတာ့္တို႔ေတြ ပြဲစဥ္တိုင္းကို အႏိုင္ယူႏိုင္စြမ္းရိွပါတယ္။ ”
မန္ယူႏိုက္တက္ဟာ ဒီတပတ္မွာကစားမယ့္ FA ဖလား တတိယအဆင့္ပြဲစဥ္မွာ လိဂ္ခ်န္ပီယံရွစ္ကလပ္ ရီးဒင္းအသင္းနဲ႔ ေတြ႕ဆံုေနျပီး နည္းျပဆိုးရွားက FA ဖလားဟာ မန္ယူႏိုက္တက္အသင္း အလိုရိွေနတဲ့ ဖလားတလံုးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။
Ref : Goal
[Unicode]
နည်းပြဆိုးရှားကတော့ သူ့ရဲ့မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ လက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ကြုံးဝါးပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာလမှာ နည်းပြမော်ရင်ညိုကို ယူနိုက်တက်အသင်း ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဆိုးရှားက ယာယီနည်းပြအဖြစ် ဆောင်ရွက်နေကာ ရလဒ်ကောင်းတွေ ရယူနိုင်နေတာ ဖြစ်ပါတယ်။
ကိုင်တွယ်ခဲ့တဲ့ပွဲစဉ် (၄)ပွဲစလုံးကို အနိုင်ရရှိခဲ့တဲ့အပြင် အဆိုပါပွဲတွေမှာ သွင်းဂိုး (၁၄)ဂိုးအထိ ရှိခဲ့ခြင်းဟာ ဆိုးရှားရဲ့ ယူနိုက်တက်နည်းပြဘဝအစကို လှပစေခဲ့ပါတယ်။
တိုက်စစ်မှူးလူကာကူ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ နယူးကာဆယ်အသင်းကို (၂)ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက်မှာတော့ ဆိုးရှားဟာ သူ့ရဲ့အသင်းကို ယုံကြည်မှုပိုမိုရှိလာခဲ့တာပါ။
” ဒီလိုအသင်းကို ရောက်လာခဲ့မှတော့ ကျွန်တော်တို့အနေနဲ့ အနိုင်ရလဒ်ကလွဲပြီး မှန်းစရာမရှိဘူးလေ။ ” လို့ ဆိုးရှားက FA ဖလားပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။
” လေးပွဲဆက်အနိုင်ရပြီးချိန်မှာတော့ နောက်ထပ်နိုင်ပွဲတွေကိုလည်း မျှော်လင့်လို့ ရလာပြီလေ။ ကျွန်တော့်အထင်တော့ ကျွန်တော့်တို့တွေ ပွဲစဉ်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ”
မန်ယူနိုက်တက်ဟာ ဒီတပတ်မှာကစားမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းနဲ့ တွေ့ဆုံနေပြီး နည်းပြဆိုးရှားက FA ဖလားဟာ မန်ယူနိုက်တက်အသင်း အလိုရှိနေတဲ့ ဖလားတလုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။
Ref : Goal