သူမကို စိတ်ပူနေကြတဲ့ ပရိသတ်ေ တွကို စိတ်အေးသွားစေမယ့် ပိုစ့် တစ်ခုတင်လိုက်တဲ့ နန်းဆုရတီစိုး

သူမကို စိတ်ပူနေကြတဲ့ ပရိသတ်ေ တွကို စိတ်အေးသွားစေမယ့် ပိုစ့် တစ်ခုတင်လိုက်တဲ့ နန်းဆုရတီစိုး

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ရုပ်လေးလည်း နုသလို၊ နှလုံးသားလေးပါ နူးညံ့လွန်းတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုက စိုးရိမ်ရတဲ့ သူမရဲ့အချစ်ရေးအကြောင်းကို လူမှုကွန်ယက်မှာ အင်တာဗျူးဖြေဆိုပြီးနောက် ပရိသတ်တွေက သူတို့နှစ်ယောက် လမ်းခွဲသွားမလားဆိုပြီး အရမ်းကို စိတ်ပူနေခဲ့ကြတာပါ။ ဒီနေ့လေးမှာတော့ နန်းဆုက စိတ်ပူနေကြတဲ့ ပရိသတ်တွေကို ရင်အေးသွားစေမယ့် ပိုစ့်လေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အချစ်ကြီးလွန်းသူလေး နန်းဆုကတော့ လတ်တလော အချစ်ရေးကြောင့် အရမ်းကို စိတ်ပင်ပန်းနေတာလည်း တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမရဲ့လက်ရှိအခြေအနေကို ပိုစ့်လေးတစ်ခုတင်ပြီး ပရိသတ်တွေကို စိတ်အေးစေခဲ့တဲ့ နန်းဆုရတီစိုးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုရတီစိုးကတော့ သူမရဲ့ဖေ့စ်ဘုတ်ပေါ်မှာ ငြိမ်းချမ်းရေးယူပြီးသွားတဲ့အခါမှာ သုံးလေ့ ရှိတဲ့ လက်ချင်းဆွဲထားတဲ့ အီမိုဂျီလေးတစ်ခုကို ပရိသတ်တွေ စိတ်အေးကြစေဖို့ တင်ပေး ခဲ့တာပါ။ နန်းဆုတို့စုံတွဲလေးကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ အဆိုပါပိုစ့်လေးမြင်ပြီး အရမ်းကို ပျော်နေကြတာလည်း တွေ့ရပါတယ်။

အရုပ်မလေးနဲ့ တူလွန်းလို့ ပရိသတ်တွေ အချစ်ပိုနေကြရတဲ့ နန်းဆုလေးကတော့ သူမရဲ့ အချစ်ရေးစံသတ်မှတ်ချက်တွေကို အင်တာဗျူးမှာ ပြောပြခဲ့ပြီး ငွေရေးကြေးရေးတွေကလည်း အဓိကမဟုတ်ကြောင်း ပြောထားပါသေးတယ်။

နန်းဆုကတော့ လတ်တလောမှာ အချစ်ရေးကြောင့် စိတ်ညစ်နေရပေမယ့်လည်း ပွဲတွေ ဆက်တိုက်တက်ဖြစ်နေပြီး၊ သူမရဲ့အလုပ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေကတောင် ချီးကျူးရသူလေးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နန်းဆု တစ်ေ ယာက် ချစ်သူနဲ့ ငြိမ်းချမ်းရေးယူပြီး အရင်လို ကြည်နူးစရာ အချစ်ရေးလေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Nansu Yati Soe’s Facebook

Comments are closed.