အူတက်နေအောင်ရယ်ရတဲ့ မြင့်မြတ်နဲ့ သက်မွန်မြင့်ရဲ့ “ဘာလာလာ” ရုပ်ရှင် Trailer

အူတက်နေအောင်ရယ်ရတဲ့ မြင့်မြတ်နဲ့ သက်မွန်မြင့်ရဲ့ “ဘာလာလာ” ရုပ်ရှင် Trailer

နိုင်ငံကျော် အကယ်ဒမီများရှင်ဖြစ်ကြတဲ့ မြင့်မြတ်နဲ့ သက်မွန်မြင့်တို့က အနုပညာလမ်းမပေါ်မှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေသူပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ သက်မွန်မြင့်က ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်လို့ထိပ်တန်းမင်းသား၊ မင်းသမီးတွေအဖြစ် ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ သက်မွန်မြင့်တို့ နှစ်ယောက်တွဲပြီး အနုပညာလှုပ်ရှားမှုကို ကြည့်ချင်ြ ကတဲ့ ပရိသတ်တွေအတွက် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးပုံဖော် ထားပြီး နာမည်ကြီး မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ ကျော်ေ ကျာ်ဗို၊ ရဲလေးနဲ့ အကယ်ဒမီ သက်မွန်မြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါ တယ်။

“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးက ဟာသဇာတ်မြူးရုပ်ရှင် ဖြစ်တာမို့ အခြားသော ဟာသ သရုပ်ဆောင်တွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေ အတွက် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offical Trailer ကို မျှဝေပေးလို က်ပါတယ်ေ နာ်။

“ဘာလာလာ” ရုပ်ရှင်ဇာတ်ကား Offical Trailer

“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ Trailer နဲ့တင် တော်တော် ရယ်နေရပြီနော်။ “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ (၁၉) ရက်နေ့မှာ စတင် ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ကြပါနဲံနော်။

Rowena
Source: ဘာလာလာ-ရုပ်ရှင်ဇာတ်ကားကြီး

Comments are closed.