ခွဲခွာခြင်းမျိုးစုံနဲ့ပြည့်ခဲ့တဲ့ဒီနှစ်ထဲ သူ့ရဲ့စိတ်ထဲရှိနေတဲ့ ‘See You Again’ သီချင်းကို cover ပြန်လည်သီဆို ခဲ့တဲ့ ပန်းရောင်ခြယ်

ရိသတ်ကြီးရေ ပန်းရောင်ခြယ်ကတော့ ပရိသတ်တွေရဲ့အချစ်တော အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ဖခင်လိုပဲရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကိုယ်တိုင်ကလည်း ဖခင်ကြီးရဲ့ အနုပညာအမွေကို ဆက်ခံတဲ့ မျိုးဆက်သစ်အဆိုတော်တစ်ယောက်ဖြစ်ပြီး ထိုက်သင့်သလောက်အောင်မြင်မှုရရှိထားပါတယ်။

ပန်းရောင်ခြယ်ကတော့ ကိုယ်ပိုင် တေးစီးရီအခွေလည်းထွက်ရှိထားပြီး နာမည်ကြီးသီချင်းတွေကို Cover ပြန်လည်သီဆိုတာတွေလည်းရှိပါ တယ်။ ဒီနေ့မှာလည်း နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘See You Again’ ဆိုတဲ့ သီချင်းလေးကို Cover ပြန်လည်သီဆိုထားတဲ့ ဗီဒီယိုလေး ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေအတွက်မျှဝေဖော်ပြလာခဲ့ပါတယ် ပရိသတ်ကြီးရေ။

ပန်းရောင်ခြယ်ကတော့ သီချင်းဗီဒီယိုလေးနဲ့အတူ “ခွဲခွာခြင်းမျိုးစုံနဲ့ပြည့်ခဲ့တဲ့ဒီနှစ်ထဲ စိတ်ထဲရှိနေတဲ့ ‘See You Again’ သီချင်းကို cover ဆိုဖြစ်ပါတယ် ” ဆိုပြီး သီချင်းလေးကို Cover ပြန်ဆိုဖြစ်တဲ့ ရည်ရွယ်ချက် ခံစားချက်လေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးတွေခံစားနားဆင်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

[zawgyi]

Advertisement




Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*