



ရဲနောင်ရဲ့သီချင်းသစ်ဖြစ်တဲ့ “သိပ်ချစ်လို့” သီချင်းအသစ်ထဲမှာတော့ ရဲနောင်အပြင် မိတ်ကပ် ပညာရှင် ညီညီမောင်စမ်းချောင်းအပြင် တစ်ခြားသော မော်ဒယ်ချောချောလေးတွေလည်း အများကြီး ပါဝင် သရုပ်ဆောင်ပြီး ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ အဆိုပါ သီချင်း ဗီဒီယိုကိုတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်က ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်နော်။

အဆိုတော် ရဲနောင်ကတော့ သူ့ရဲ့သီချင်းအသစ်အတွက် အကောင်းဆုံးကြိုးစားထားတာ တွေ့ရပြီး ပရိသတ်တွေကို ကျေနပ်စေဖို့ သေချာပြင်ဆင်ထားပါတယ်တဲ့နော်။ ပရိသတ်တွေကတော့ ကိုကြီးအဖြစ် မြင်တွေ့ရမယ့် ညီညီမောင်စမ်းချောင်းရဲ့ပုံရိပ်တွေနဲ့တင် ရဲနောင်ရဲ့သီချင်းဗီဒီယိုလေးကို အရမ်းကြည့်ချင်နေကြပါပြီ။

အလန်းစား မိန်းမချောလေးတွေက ကိုကြီး ညီညီမောင်ကိုရွေးမလား ရဲနောင်ကို ရွေးမလားဆိုတာ အရမ်းကို စိတ်ဝင်စားစရာပါပဲနော်…။

အဆိုတော် တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့လက်ခုပ်သံကို အားယူပြီး ရပ်တည်နေပြီဖြစ်တဲ့ ရဲနောင်ကတော့ လက်ရှိမှာ အသစ်အသစ်သော သီချင်းတွေကို ဖန်တီးရင်း ပရိသတ်တွေ အတွက် ကြိုးစားနေတာပါ။ စိတ်ထားအရမ်းကောင်းတဲ့ ရဲနောင်ကတော့ မြန်မာအိုင်ဒေါမှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့လည်း အခုအချိန်အထိ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ။ မကြာခင် ကြည့်ရတော့မယ့် ရဲနောင်ရဲ့သီချင်းအသစ်လေးကို စိတ်ဝင်စားတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Photo;V7 Entertainment’s Facebook

Comments are closed.