နှုတ် ခမ်းနီမလေးတွေ တမ်းတမ်း စွဲ ဖြစ်နေ ရ တဲ့ အောင်ရဲလင်းနဲ့ အတူ ရိုက်ကွင်းပေါ်မှာ နီးနီးကပ်ကပ်မြင်ေ တွ့ရတော့မယ့် မေမြင့်မိုရ်

နှုတ် ခမ်းနီမလေးတွေ တမ်းတမ်း စွဲ ဖြစ်နေ ရ တဲ့ အောင်ရဲလင်းနဲ့ အတူ ရိုက်ကွင်းပေါ်မှာ နီးနီးကပ်ကပ်မြင်ေ တွ့ရတော့မယ့် မေမြင့်မိုရ်

ချစ် စရာကောင်းတဲ့ MRTV-4 ရဲ့ မင်းသမီးချောလေးဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပုရိသတွေရဲ့ အသည်းကို သရုပ်ဆောင်ချက်တွေ ညို့ယူဖမ်းစားနိုင်တဲ့ အလှတွေနဲ့ ဆွဲဆောင်ထားသူလေးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူလေးက ယခုဆိုရင် မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလောကရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။

ဟိုယခင်အချိန်ကတည်းက ဗီဒီယိုကားတွေများစွာမှာပါဝင်သရုပ်ဆောင် ခဲ့တဲ့ မင်းသားချောတစ်ဦးဖြစ်တဲ့ အောင်ရဲလင်းက ယခုအချိန်မှာတော့ ပရိသတ်တွေ မြင်တွေ့ရတဲ့အတိုင်းစမတ်ကျပြီး ယောကျာ်းပီသတဲ့ ပုံစံအသစ်နဲ့ အနုပညာအလုပ်တွေကို.ပြန်လည်လုပ်ကိုင်လာပြီပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အမိုက်စား ခန္ဓာကိုယ် နဲ့ စမတ်ကျတဲ့ ပုံစံကြောင့် မြင်ရတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားတဲ့ မင်းသားတစ်လက် ဖြစ်လာပါတယ်။

အနုပညာလောကမှာအောင်မြင်နေတဲ့ မေမြင့်မိုရ် နဲ့ အောင်ရဲလင်းတို့ကို လိုက်ဖက်တဲ့ စုံတွဲပုံစံလေးနဲ့ မကြာခင်မှာ ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သိပ်တွဲပြီးမတွေ့ရတတ်တဲ့ အောင်ရဲလင်းနဲ့ မေမြင့်မိုရ်တို့နှစ်ယောက်ကို ယခုအချိန်မှာ ရိုက်ကွင်းတစ်ခုပေါ်မှာ အတွဲညီပြီး လိုက်ဖက်တဲ့ စုံတွဲလေး အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ လိုက်ဖက်နေတဲ့ သူတို့နှစ်ယောက် ရိုက်ကွင်းပုံရိပ် တစ်ချို့ကိုလည်း ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

credit – myanmarload

Comments are closed.