စည်ပင်ဝန်ထမ်းတွေအတွက် အဝတ် အထည် (၁၀၀) လှူဒါန်းမယ့် စမိုင်းလ်

စည်ပင်ဝန်ထမ်းတွေအတွက် အဝတ် အထည် (၁၀၀) လှူဒါန်းမယ့် စမိုင်းလ်

အလှူအတန်းနဲ့ ပရဟိတအလုပ်တွေမှာ အားကြိုးမာန်တက် ပါဝင်လွန်းလို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကတော့ ဘာသာတရားလည်း အရမ်းကိုင်း ရှိုင်းသူတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်က မြို့တော်စည်ပင် ဝန်ထမ်းတွေ အတွက် အကျီၤတွေ ကုသိုလ်ဒါနပြုမယ့် အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ ။ စမိုင်းလ်ကတော့ မြို့တော် စည်ပင်ဝန်ထမ်းလေးတွေ ဘယ်လောက်အလုပ်လုပ် ကျေးဇူးတင် စကားပြောဖို့တောင် မေ့နေလို့ အခုလို အလှူဒါနလေး လုပ်ဖြစ်တဲ့အကြောင်းကိုလည်း ပြော ထား ပါသေးတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အလှူလေးလုပ်မယ့် စမိုင်းလ်ရဲ့အကြောင်းကို ဖော်ပြပေး လိုက်ပါ တယ်နော်။

စမိုင်းလ်ကတော့ “မြို့တော်စည်ပင်ဝန်ထမ်းလေးတွေဘယ်လောက် အလုပ်လုပ်ေ ကျးဇူးတင်ပါ တယ်ဆိုတာလေးတောင်ပြောဖို့မေ့မေ့နေလို့ သူငယ်ချင်းတွေရဲ့စည်ပင်ဝန်ထမ်းလေးတွေ အတွက်ကုသိုလ်ဒါနပြုမဲ့အစီအစဉ်လေးမှာတတ်နိုင်သလောက်ဒါနပါဝင်.. အကျီအထည် ၁၀၀” ဆိုပြီး သူမအလှူရဲ့အကြောင်းကို ဖော်ပြပေးထားတာပါ။

စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပေမယ့် လည်း အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေမယ့် စာအုပ်လေးလည်း ထုတ်ထားတဲ့အပြင် မကြာခဏဆိုသလိုလည်း ဘဝခံယူချက်နဲ့ ပတ်သတ်တဲ့ စိတ်ခွန်အားပေးစာလေးတွေ ဝေမျှပေးလေ့ရှိပါတယ်။

အလှူအတန်းဆိုရင် အတိုင်အဖောက်ညီလွန်းတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို အလှူရေစက် လက်နဲ့မကွာတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်က မကြာခင်ပြုလုပ်တော့မယ့် သူမရဲ့Fan Meeting အတွက်လည်း ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း စည်ပင်ဝန်ထမ်းတွေအတွက် အဝတ်အထည် (၁၀၀) လှူဒါန်းမယ့် စမိုင်းလ်တို့မိသားစုလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Smile’s Facebook Page

Comments are closed.