သင့်ဘဝကို တိုးတက်စေနိုင်သော ဝက်ဗ်ဆိုဒ် ပေါင်း ၂၅ ခု

သင့်ဘဝကို တိုးတက်စေနိုင်သော ဝက်ဗ်ဆိုဒ် ပေါင်း ၂၅ ခု

သင့်ရဲ့အချိန်တော်တော်များများကို လူမှုမီဒီယာတွေကိုသုံးရင်း ကုန်ဆုံးနေမိပါသလား။ သင့်ရဲ့ အင်တာနက် အသုံးပြုမှုတွေက ဖြုန်းတီးတာမျိုးတွေဖြစ်နေပါသလား။လူမှုမီဒီယာတွေဟာ အသုံးပြုနေစဉ်အတွင်းမှာ အချိန်ကုန်လို့ ကုန်မှန်းမသိအောင် စွဲလန်း စိတ်ကို ဖြစ်စေ ပါတယ်။

အခြားတစ်ဖက်မှာတော့ လူမှုမီဒီယာတွေဟာ ဆွေးနွေးခန်းတွေ၊ သတင်း အရင်းအမြစ်တွေ၊ အ တွေး အခေါ် အသစ်တွေ ရှိနေတဲ့ အတွက် မိမိဘဝ အတွက် လိုအပ်တဲ့ တွန်းအား တွေဖြစ်တဲ့ သင်ယူမှုတွေကိုလည်း ပေးနိုင်ပါတယ်။

လူမှုမီဒီယာရဲ့ အန္တရာယ်ဖြစ်စေလောက်အောင် စွဲလန်းစေတတ်တဲ့ ထောင်ချောက်တွေကနေ လွတ်မြောက်ပြီး ဗဟုသုတတွေ၊ ပျော်ရွှင်တိုးတက်မှုတွေနဲ့ ပြည့်နေတဲ့ ဘဝကိုလိုချင်တယ်ဆိုရင်ဖြင့် အောက်မှာ ဖော်ပြပေးမယ့် ဝက်ဗ်ဆိုဒ် ၂၅ ခု ကို ဝင်ရောက် လေ့လာကြည့်လိုက်ပါ။

၁။ Coursera(https://www.coursera.org/)

အွန်လိုင်း သင်ခန်းစာတွေ အများအပြားပါဝင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ရာပေါင်းများစွာသော တက္ကသိုလ်တွေနဲ့ နာမည်ကြီးပါမောက္ခတွေမှ ပို့ချတဲ့ သင်ခန်းစာတွေ အများအပြားပါဝင်ပါတယ်။

သင်ဝါသနာပါမယ်ဆိုရင် သမိုင်းပညာကနေ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲတဲ့ ပညာအထိ ဘယ်ဘာသာရပ် မဆို သင်ကိုယ်တိုင် လေ့လာ သင်ယူနိုင်သလို၊ အွန်လိုင်းပေါ်က လူမှု ကွန်ယက်ကြီး နဲ့ အတူလည်း လေ့လာနိုင်ပါတယ်။

ကမ္ဘာပေါ်မှာရှိသမျှ သင်ခန်းစာပို့ချမှုတွေကို သင့်အိမ်ကနေ အခမဲ့ လေ့လာနိုင်မှာဖြစ်သလို၊ သင်စိတ်ဝင်စားတဲ့ ဘာသာရပ်မှာ တကယ်ကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူနိုင်ပါတယ်။

၂။ edx(https://www.edx.org/)

ဒီဝက်ဗ်ဆိုဒ်ကလည်း ကမ္ဘာ့ ကောင်းဆုံးတက္ကသိုလ်တွေကနေ ပို့ချတဲ့ သင်ခန်းစာတွေ ပါဝင်တဲ့ အတွက် သင့်အတွက် လေ့လာစရာတွေ အများအပြားရှိနေတဲ့ နေရာတစ်ခုပါပဲ။

ဒီဝက်ဗ်ဆိုဒ်ကို MIT နဲ့ ဟားဗတ်တက္ကသိုလ်တို့က ပူးပေါင်းဆောင်ရွက်ထားတာလည်းဖြစ်ပါတယ်။ ဒီဝက်ဗ်ဆိုဒ်မှာလည်း Coursera လိုပဲ သင်ယူစရာ သင်ခန်းစာတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။

၃။ Khan Academy(https://www.khanacademy.org/)

ဒီဝက်ဗ်ဆိုဒ်မှာတော့ သင့်အတွက် အလွန်အသုံးဝင်တဲ့ စာကြည့်တိုက်ပါရှိပြီး ဘယ်ဘာသာရပ်ကိုမဆို အပြန်အလှန် ဆက်သွယ်သင်ယူနိုင်ပါသေးတယ်။

ဗီဒီယို သင်ခန်းစာတွေနဲ့ သင်ယူနိုင်ယုံသာမက ပုံမှန်လေ့ကျင့်ခန်းတွေ၊ သင်ကိုယ်တိုင် လေ့ လာ ခဲ့တဲ့ သင်ခန်းစာတွေကိုလည်း မှတ်သားထားနိုင်ပါတယ်။သင်ခန်းစာ အသစ် သင်ယူဖို့ အတွက်ရော သင်သိပြီးသား ဗဟုသုတတွေကို ဖြန့်ဝေဖို့အတွက်ရော နှစ်ခုလုံးအတွက် တက ယ် ကိုအကျိုးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။

၄။ Udemy(https://www.udemy.com/)

ဒီဝက်ဗ်ဆိုဒ်ကတော့ Coursera နဲ့ edX တို့လို ပညာရပ်ဆိုင်ရာ website မျိုးမဟုတ်ပါဘူး။ အွန်လိုင်းမှာ လက်တွေ့အသုံးကျမယ့်အရာတွေကို အဓိကထားဖော်ပြပေးတဲ့ website တစ်ခုပါ။စီးပွားရေးအဆောက်အဦး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေမှအစ ဂစ်တာတီးသင်တဲ့ သင်ခန်းစာတွေအထိ ပါဝင်ပါတယ်။

နယ်ပယ်အသီးသီးက တကယ့် ပညာရှင်တွေရဲ့ သင်ခန်းစာတွေကို အခမဲ့ရော အခကြေးငွေနဲ့ပါ ဘာမဆို လေ့လာလို့ရတဲ့ အွန်လိုင်းဈေးကွက်တစ်ခုလို့ ပြောရင်တောင် ရပါတယ်။

၅။ Quora(https://www.quora.com/)

ကျွမ်းကျင်ပညာရှင်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေ ဆီကသာမက လူသိမများသေးတဲ့လူတွေဆီကပါ ဘယ်ဘာသာရပ်ကိုမဆို သင်ယူချင်တယ်ဆိုရင်တော့ ဒီ website ကအကောင်းဆုံးပါပဲ။အသုံးပြုသူတွေ ကိုယ်တိုင် မေးခွန်းတွေ အပြန်အလှန်ထုတ်၊ အပြန်အလှန်ဖြေနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခြား website တွေနဲ့ မတူတဲ့အချက်တစ်ခုကတော့ အသုံးပြုသူရဲ့ ပရိုဖိုင်းဓာတ် ပုံဟာ အစစ်အမှန် ဖြစ်ရပါမယ်။အမေးအဖြေတွေကိုတော့ သက်ဆိုင်ရာ အခြေအနေပေါ် မူတ ည်ပြီး အပြောင်းအလဲ လုပ်နိုင်ပါတယ်။

၆။ Stack Overflow(https://www.stackoverflow.com/)

ကွန်ပျူတာ ပရိုဂရမ်ပညာရပ်ကိုမှ စိတ်ဝင်စားသူတွေအတွက်တော့ တစ်ခုတည်းသော အရေးပါတဲ့ website ကတော့ Stake Overflow ပါပဲ။

သင်ဟာ ပရိုဂရမ်သမားတစ်ယောက်ဖြစ်မယ် ဒါမှမဟုတ် ပရိုဂရမ်ပညာကို စိတ်ဝင်တစားနဲ့ လေ့လာနေတဲ့သူဆိုရင်တော့ ဒီ website ဟာ သင့်အတွက် အဖော်ကောင်းတစ်ယောက် ဖြစ်လာမှာအမှန်ပါပဲ။

အမေးအဖြေကဏ္ဍမှာဆိုရင် သင့်ကွန်ပျူတာ ပရိုဂရမ်နဲ့ပတ်သတ်လို့ အခက်အခဲတွေ သိချင်တာတွေ အားလုံးကို မေးမြန်းနိုင်ပြီး၊ အခြားသူတွေရဲ့ အဖြေတွေကနေတဆင့် လေ့လာ သင်ယူနိုင်မှာ ဖြစ် ပါ တယ်။

၇။ Codeacademy(https://www.codecademy.com/)

ဒီဝက်ဗ်ဆိုဒ်ဟာ HTML, CSS, PHP တို့လို ပရိုဂရမ်နဲ့ပတ်သတ်တဲ့ ဘာသာစကားတွေကို သင်ယူနိုင်မှာဖြစ်ပြီး Python (ကွန်ပျူတာ ပရိုဂရမ်ဆွဲသည့် language တစ်မျိုး) အတွက် လွယ်ကူပြီး၊ အပြန်အလှန်အကျိုးသက်ရောက်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီထဲမှာဆိုရင် ပရိုဂရမ်ပညာရပ်ကို စစခြင်းသင်ယူနေသူတွေအတွက် စိတ်ဝင်စားစရာ ပျော်ရွှင်စရာ သင်ခန်းစာတွေ အများအပြားပါဝင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ယခုမှ ပရိုဂရမ်ပညာကို စပြီး လေ့လာချင်သူတွေအတွက်တော့ သင့်တော်တဲ့ ဝက်ဗ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။

၈။ Tutorialspoint(http://www.tutorialspoint.com/)

ဒီဝက်ဗ်ဆိုဒ်ကတော့ သင့်အတွက် ပရိုဂရမ်ပိုင်းရော၊ ကွန်ပျူတာသိပ္ပံနဲ့ ပတ်သတ်တဲ့ အပိုင်းမှာပါ လေ့လာလို့ ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဗဟုသုတရစရာ အသေးစိတ်အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတာမို့ Codecademy နဲ့တော့ မတူပါဘူး။

Codecademy ဝက်ဗ်ဆိုဒ် ကနေ အခြေခံအချက်အလက်တွေကို လေ့လာသင်ယူပြီး Tutorialspoint မှာတော့ အဆင့်မြင့် သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်ပါတယ်။

၉။ eHow(http://www.ehow.com/)

ဒီနေရာမှာတော့ ပညာရပ်အစုံကို ခေါင်းစဉ်မျိုးစုံနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူ လေ့လာ နိုင် ပါတယ်။ဒီဝက်ဗ်ဆိုဒ်ကို ကျွမ်းကျင်ပညာရှင်တွေက ခေါင်းစဉ်ခွဲတစ်ခုခြင်းစီအလိုက်ရေးသားပြီး အစားအသောက်နဲ့ ပတ်သတ်ပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ဖြစ်ဖွယ်ရာ တွေလည်း ပါဝင် ပါတယ်။

၁၀။ wikihow(http://www.wikihow.com/)

ဒီဝက်ဗ်ဆိုဒ်မှာလဲ သင်ယူချင်တဲ့အရာတွေ အများအပြားပါဝင်ပေမယ့် wiki လိုကိုယ်ပိုင်ပုံစံတော့ ရှိနေတတ်ပါတယ်။

ဒီဝက်ဗ်ဆိုဒ်ရဲ့ထူးခြားချက်ကတော့ eHow လို ဝန်ထမ်းတွေကိုယ်တိုင် သင်ကြားမှုတွေကို လမ်းညွှန်ပြုပြင်ပေးတာမျိုးမဟုတ်ပဲ၊ ဘယ်သူမဆို ဝင်ပြီး ရေးသားနိုင်၊ ပြုပြင်နိုင်သလို မလိုအပ်တာများ ကိုလည်း ပြန်ဖျက်နိုင်ပါတယ်။

ဒါကြောင့် သင်ဟာ သင်ယူသူ သက်သက်မဟုတ်ပဲ ကိုယ့်မှာရှိတဲ့ ဗဟုသုတတွေကိုပါ အခြား လူတွေကို ဝေမျှပေးနိုင်ပါတယ်။

၁၁။ HowStuffWorks(http://www.howstuffworks.com/)

သင့်အတွက် အကျိုးများစွာရှိနိုင်တဲ့ လေ့လာသင်ယူစရာတွေ အများအပြားရှိတဲ့ ဝက်ဗ်ဆိုဒ် တစ်ခု ဖြစ်ပြီး သင့်အတွက် မြောက်များလှစွာသော သင်ခန်းစာတွေကို ဒီဝက်ဗ်ဆိုဒ်က ပံ့ပိုး ပေးထား ပါတယ်။

တစ်ခါမျှမပို့ချရသေးတဲ့ သင်ခန်းစာ အသစ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ သေချာ လေ့လာ ကြည့်လေ သင့်အတွက် သင်ခန်းစာ တွေကို လေ့လာရန် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ် တယ် ဆိုတဲ့ အမှန်တရားကို သင်သိလာရမှာပါ။

၁၂။ TED(http://www.ted.com/)

ဒီ website ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အနှံ့ပျံ့နေတဲ့ အတွေးအခေါ်အယူအဆတွေကို ဒီနေရာကနေ တစုတစည်းတည်း ဖော်ပြပေးတာပဲဖြစ်ပါတယ်။

နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေဟာ သူတို့ဆွေးနွေးပြောပြလိုတဲ့ တင်ပြချက်တွေ၊ ယူဆချက်တွေ၊ အတွေ့အကြုံတွေကို ဒီနေရာကနေပြီး ရုပ်သံပို့ချချက်တွေနဲ့အတူ ဆွေးနွေး ပြောပြ ပေးတဲ့ နေရာလည်း ဖြစ် ပါတယ်။

ဒီဆွေးနွေးပွဲတွေ မှတဆင့် သင့်ကိုယ်သင် အမြန်ဆုံးနဲ့ အလွယ်ကူဆုံး မိတ်ဆက် နိုင်တဲ့ နေရာ ဖြစ်သလို အတွေးအခေါ်နဲ့ ထိုးထွင်းဉာဏ်တွေ ပွင့်လန်းလာနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

၁၃။ Lumosity(https://www.lumosity.com/)

စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်တဲ့ မှတ်ဉာဏ်ဆိုင်ရာကိစ္စတွေ၊ အာရုံစူးစိုက်မှုနှင့် ဆိုင်သောကိစ္စတွေ၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေ အတွက် များစွာအထောက်အကူပြုနိုင်တဲ့ ဝက်ဗ်ဆိုဒ်တစ်ခုပါ။

သင့်ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်ကို ပျော်စရာကောင်းတဲ့ ဂိမ်းတွေကစားရင်း မြှင့်တင် နိုင်သလို၊ လေ့ကျင့်ရေး အစီအစဉ်တွေကလည်း သင့်ရဲ့လိုအပ်ချက်တွေ တိုးတက်မှု လမ်းကြောင်း တွေကို လေ့ကျင့် ပေးမှာ ဖြစ်ပါတယ်။အစီအစဉ်တွေက သင့်ကို ထက်မြက် လာအောင်လုပ်ဆောင်ပေးမှာဖြစ်သလို၊ အနည်းငယ်လည်း စွဲလန်းမှုဖြစ်စေမှာပါ။

၁၄။ Duolingo(https://www.duolingo.com/)

နဲနဲလေး အားထုတ်ကြိုးစားလိုက်ရုံနဲ့ ဘာသာစကားတွေမှာ အဆင့်မြင့် သည်အထိ ကျွမ်းကျင်အောင် လေ့လာ နိုင်သည့် နေရာတစ်ခုပါ။

စပိန်၊ အင်္ဂလိပ်၊ ဂျာမန်နဲ့ ပြင်သစ်ဘာသာ စတဲ့ ဘာသာစကားတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်အောင် ပြုလုပ်ထားတဲ့ ဝက်ဗ်ဆိုဒ် တစ်ခုပါ။ဘာသာစကားတွေကို လေ့လာခြင်းဟာ ပျော်စရာကောင်းတယ်ပြီး အခမဲ့ လေ့လာခွင့်ရတဲ့ နေရာလည်းဖြစ်ပါတယ်။

၁၅။ Instructables(http://www.instructables.com/)


၁၆။ Digital Photography School(http://digital-photography-school.com/)

ဓာတ်ပုံနဲ့ပတ်သတ်ပြီး တိုးတက်လာအောင် လေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများအပြား ပါဝင်တဲ့ ဓာတ်ပုံ ဘလော့တစ်ခုပါ။သင့်မှာ ဓာတ်ပုံနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိသည်ဖြစ်စေ၊ ယခုမှစပြီး လေ့လာမည်ဖြစ်စေ ဒီနေရာက သင့်ရဲ့ ကျွမ်းကျင်မှုကို တိုးတက်လာအောင် လု ပ်ဆောင်ပေးနိုင်တဲ့ နေရာတစ်ခုပါ။

အခြားသော ဓာတ်ပုံပညာ စိတ်ဝင်စားသူတွေနဲ့ပါ အဆက်အသွယ်ကောင်းတွေရအောင် ပြုလုပ် ပေးထားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

၁၇။ All Recipes(http://allrecipes.com/)

အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေနဲ့ ပတ်သတ်တာတွေကို ရှာဖွေလေ့လာနိုင်တဲ့ နေရာတစ်ခုပါ။ သင့်မှာရှိနေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဟင်းတစ်ခွက် ဘယ်လို ချက်စား မလဲဆိုတာကို လေ့လာပြီး ကိုယ်တိုင် ချက်ပြုတ်နိုင်တဲ့ နေရာတစ်ခုပါ။

လွယ်ကူပြီး အလျှင်အမြန် ချက်စားနိုင်တဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ကိုယ်ပိုင်လက်ရာတွေကို ဖန်တီး နိုင်မှာပါ။ သင့်အတွက် ချက်နည်းပြုတ်နည်းတွေနဲ့ စိတ်လှုပ်ရှားစရာတွေကို ဖန်တီး ပေးနိုင်မယ့် ဝက်ဗ်ဆိုဒ် တစ်ခုဆိုတာ အသေအချာပါပဲ။

၁၈။ Spreeder(http://www.spreeder.com/)

စာဖတ်နှုန်းမြန်ဖို့ဆိုတာကို လူတိုင်းလိုချင်ကြ ကြိုးစားကြပေမယ့် လူတိုင်းတော့ မပိုင် ဆိုင်နိုင် ကြပါဘူး။ဒီဝက်ဗ်ဆိုဒ်တော့ သင့်ရဲ့ စာဖတ်နှုန်း မြန်လာအောင် ကူညီပေးနိုင်တဲ့ software ထည့်ထားတဲ့ အတွက် သင့်ရဲ့ စာဖတ်တဲ့ အရှိန်မြင့်တက်လာမှာဖြစ်သလို စာပိုဒ်တွေအပေါ် နားလည်နိုင်တဲ့ စွမ်းရည်လည်း တိုးတက်လာအောင် ကူညီပေးမယ့် အခမဲ့ ဝက်ဗ်ဆိုဒ် တစ်ခုပါပဲ။

၁၉။ Project Gutenberg(http://www.gutenberg.org/)

eBook ပေါင်း ငါးသောင်းကျော်ပါဝင်တဲ့ အခမဲ့ ဝက်ဗ်ဆိုဒ် တစ်ခုပါပဲ။ အွန်လိုင်းမှာလဲ ဖတ်နိုင်သလို သင့်ရဲ့ eBook reader တွေဖြစ်တဲ့ Epub, Kindle တွေထဲမှာ PDF ပုံစံနဲ့ သိမ်းလို့ရပါတယ်။

ဒီစာအုပ်တွေအားလုံးဟာ တရားဝင် မူပိုင်ခွင့် သက်တမ်း ကျော်လွန်ပြီးသားတွေလဲဖြစ်ပါတယ်။ ဒါကြောင့် ထုတ်ဝေသူတွေအတွက် စီးပွားဖြစ် မဟုတ်တော့ပဲ အခမဲ့ download ရယူနိုင်ပါတယ်။

၂၀။ Investopedia(http://www.investopedia.com/)

ဘဏ္ဍာရေးနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို လေ့လာချင်တဲ့သူတွေအတွက်တော့ ဒီနေရာဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ သင့်ရဲ့ တစ်ကိုယ်တော် ငွေကြေးကိစ္စတွေအတွက်လည်း ဒီနေရာက ကူညီပေးနိုင်ပါသေးတယ်။

စာရင်းအင်း၊ ရှယ်ယာခွဲဝေမှု၊ ရင်းနှီးမြှုတ်နှံမှု၊ ငွေကြေးကဏ္ဍ စတာတွေနဲ့ ပတ်သတ်ပြီး သင် ကိုယ် တိုင် လေ့လာ သင်ယူနိုင် ပါတယ်။ လက်တွေ့သင်ခန်းစာတွေ၊ ဗီဒီယိုဖိုင်တွေနဲ့ သင့်ရဲ့လေ့လာမှုကို အထောက်အကူ ပြုထားပါသေးတယ်။

၂၁။ Curious(http://curious.com/)

သင်ခန်းစာပေါင်း ၁၇၀၀၀ကျော်ကို ထည့်သွင်းထားတဲ့ website ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်သင်ခန်းစာကိုမဆို အခမဲ့ လေ့လာသင်ယူနိုင်ပေမယ့် website ကိုတရားဝင် အသုံးပြုခွင့် ကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Humanities, STEM (Science, Technology, Engineering and Math), music, relationship စတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ သင်ခန်းစာ ခေါင်းစဉ်တွေကို ကမ္ဘာ့အတော်ဆုံး ဆရာတွေ ဆီကနေ လေ့လာ ခွင့်ရမှာ ဖြစ်ပါတယ်။

၂၂။ Memrise(https://www.memrise.com/)

အသစ်အဆန်းတွေကိုမှ လေ့လာချင်တယ်ဆိုရင်တော့ Memrise ကိုသာရွေးချယ်ပါ။ သိပ္ပံ၊ သင်္ချာ၊ သမိုင်း၊ စာပေနဲ့ အနုပညာ၊ ဘာသာစကား စတဲ့ ခေါင်းစဉ်မျိုးစုံကို တစ်နေရာထဲမှာ တစ်စုတစည်းထဲ လေ့လာနိုင်ပါတယ်။

သင်ခန်းစာတွေအားလုံးကို လွယ်လွယ်ကူကူ လေ့လာနိုင်အောင် ပြုလုပ်ပေးထားပြီး ကိုယ် လေ့လာ နေတဲ့ သင်ခန်းစာ တွေကိုလည်း package တွေလုပ်ထား နိုင်ပါ သေးတယ်။

၂၃။ Zen Habits(https://zenhabits.net/)

Zen ကတော့ အွန်လိုင်းပေါ်မှာ တစ်ခုတည်းသော အကောင်းဆုံး စိတ်အားတက်ကြွမှုကိုပေးမယ့် ဘလော့ဂ် တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်နေထိုင်မှုနဲ့ လုပ်ငန်းဆောင်တာတွေမှာ အရိုးရှင်းဆုံး နေထိုင်တတ်စေဖို့ ကူညီပေးမယ့် ဘလော့ဂ် တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘဝမှာ ဘာတွေကိုတော့ အဓိကထား လုပ်ဆောင်ရမယ်၊ ဘယ်လိုဟာတွေကတော့ မလိုအပ်လို့ ဖယ်ရှားပစ်ရမယ် ဆိုတာ တွေကို သိအောင်လည်း ကူညီ ပေးထားပါတယ်။ အဓိပ္ပါယ် ရှိပြီး အသုံးဝင်တဲ့ ဆောင်းပါးတွေ၊ အကြံပေးချက်တွေနဲ့ ဒီ ဘလော့ဂ် ကို ဒီဇိုင်းဆင်ထားပါတယ်။

၂၄။ Brain Pickings(https://www.brainpickings.org/)

အခြားသော blog တွေနဲ့ မတူပဲ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုတွေကို ပေးမယ့် ဘလော့ဂ် တစ်ခုပါ။ သူ့ဆီမှာ တင်ထားတဲ့ အထူးဆောင်းပါတွေ၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်တွေဟာ လူတစ် ဦးခြင်း ဘ၀ တိုးတက်မှု၊ အတွေးအခေါ်မြင့်မားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ စာပေဗဟုသုတ စတာတွေနဲ့ ပြည့်နှက်နေပါတယ်။

သူ့မှာတင်ထားတာတွေက အခြားသော ဘလော့ဂ် တွေထက်စာရင် နည်းတယ် ဆိုပေမယ့်လည်း လိုက်နာဖို့ မခက်ခဲတဲ့ သင်တို့ရဲ့ ဘဝအောင်မြင်တိုးတက်ရန် ကူညီပေးဖို့အတွက် ပြုလုပ်ထားတဲ့ ဘလော့ဂ် တစ်ခုဖြစ်ပါတယ်။

၂၅။ Psychology Today(https://www.psychologytoday.com/)

လူသားတွေမှာဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ လူသားတွေရဲ့ အမူအကျင့်တွေကို လက်ခံနားလည်ပေးနိုင်အောင် လေ့ကျင့်သင်ကြားပေးမယ့် နေရာ တစ်ခု ဖြစ် ပါ တယ်။

သူ့ထဲမှာပါတဲ့ လူချမ်းသာတို့အလယ် ဆိုတဲ့ ဆောင်းပါးမှာ လူသားတွေရဲ့ဘ၀ ရှုထောင့် အမြင် အမျိုးမျိုးတွေ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပတ်သက်ဆက်နွယ်မှု၊ စိတ်လှုပ်ရှားမှုတွေ၊ အာရုံ ကြောနဲ့ ပတ်သတ်တဲ့ ပညာတွေ၊ စိတ်အားတက်ကြွမှု စတာတွေကို ဖော်ပြထားပါတယ် ။ဒီဝက်ဗ်ဆိုဒ်ကို အသုံးပြုခြင်းဖြင့် သင့်ဘဝမှာ ပိုမိုကောင်းမွန်အောင် နေထိုင်တတ်ခြင်းဆိုတဲ့ အကျိုး ကျေးဇူး တွေကို ရရှိလာမှာလည်းဖြစ်ပါတယ်။

Lifehack.org မှ Nabin Paudyal ၏ 25 Websites Other Than Social Media To Upgrade Your Life ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Credit: ဘာသာပြန်သူ – Betty(Myanmar-Network)

Comments are closed.