သူမကို ပေးမထဘဲ အတင်းတွေဖက်ကာ ဝိုင်းချွဲနေကြ တဲ့ သားတွေသမီးတွေရဲ့ ချစ်စရာ ဗီဒီယိုလေးကို ဝေမျှ လာတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ မိဘမဲ့ ဂေဟာလေးကို တည်ထောင်ထားပြီး အခြေအနေတွေ အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကို တရားဝင် ခေါ်ယူ မွေးစား စောင့်ရှောက်ပေးနေတာပါ ။ သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကိုလည်း အတတ်နိုင်ဆုံး အချိန်ပေးကာကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။ ကလေးတွေကလည်း သူမကို မေတ္တာရှိလို့ အမြဲလိုလို မခွာနိုင်အောင် ကပ်ချွဲနေကြတာပါ ။

အခုလည်း သူမကို ပေးမထကြဘဲ အနားကနေ အတင်းတွေဖက်ကာ ကပ်ချွဲနေတဲ့ သားတွေသမီးတွေရဲ့ ချစ်စရာ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ဗီဒီယိုလေးထဲမှာ ခိုင်နှင်းဝေကို အချစ်တွေပိုနေကြတဲ့ ကလေးတွေ ခမျာ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Advertisement

Photo – Khine Hnin Wai

[zawgyi]



Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*