အောင်ရဲထွေး နဲ့ နောက်ဆုံး စကားများ ခဲ့ တဲ့ အကြောင်း ပြောပြတဲ့ သန့်ဇင်ဦး

အောင်ရဲထွေး နဲ့ နောက်ဆုံး စကားများ ခဲ့ တဲ့ အကြောင်း ပြောပြတဲ့ သန့်ဇင်ဦး

လူ မှုကွန်ရက်စာမျက်နှာတွေပေါ် ဟာသvideoလေးတွေရိုက်ပြီး ပရိသတ်တွေကိုပျော်ရွှင်အောင်ရယ်မောအောင် စိတ်အပန်းဖြေနိုင်အောင် တင်ဆက်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင်အောင်ရဲထွေးဟာ သေသွားခဲ့တာတစ်နှစ်ပြည့်ခဲ့တဲ့အချိန်မှာ အစ်ကိုဖြစ်သူသန့်ဇင်ဦးက အောင်ရဲထွေးမဆုံးခင်မှာ သူ့နဲ့သဘောထားခြင်းမတိုက်ဆိုင်လို့ စကားများခဲ့ရတယ်လို့ Cele7အင်တာဗျူးတစ်ခုမှာဖြေဆို သွားခဲ့ပါတယ်။

သန့်ဇင်ဦးက “သူက ကျွန်တော့်အတွက် အရမ်းချစ်ရတဲ့ ညီကလေးပေါ့။ တစ်ချိန်ချိန်မှာ အမြင့်မားဆုံးနေရာကို ရောက်မယ်ဆိုပြီးတော့ မျှော်လင့်ထားတာ။

အဲ့မျှော်လင့်ထားတာနဲ့ စိတ်ထဲမှာfeelတစ်ခုနဲ့ သူနဲ့ကျွန်တော် အမြဲတမ်းဖန်တီးမှုတွေလုပ်တာတွေမှာ ကျွန်နော် အမြဲရှိနေမယ်။ ရုပ်ရှင်ကားကြီးပဲ ရိုက်ရိုက်တစ်ခြား MTVတွေပဲ ရိုက်ရိုက် ဇာတ်လမ်းတွေ ဟာသတွေပဲ ရိုက်ရိုက်ပေါ့နော်။ သူကလုပ်လိုက်တိုင်း အသိအမှတ်ပြုခံရတဲ့ လူတစ်ယောက်။ နောက်သူက Intelligence လည်းရှိတယ်။

EQလည်းသူ့မှာရှိတယ် IQလည်းရှိတယ် LQလည်းရှိတယ် သူ့မှာ။ သူက အလားအလာအရမ်းကောင်းတဲ့လူဆိုတော့ ကျွန်တော်သည် သူ့ကို အရမ်းမျှော်လင့်တယ်။ မျှော်လင့်တယ် ကျွန်တော့်ရဲ့ မျှော်လင့်ချက်ပေါ့နော် ကျွန်တော့်ဘဝရဲ့ မျှော်လင့်ချက်က ဘာလဲဆိုတော့ ကျွန်တော့်ညီပဲ ဒါမျိုးကျွန်တော်တို့ ခံစားပြီးနေခဲ့တာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဖခင်ဖြစ်သူ ဦးမြင့်ဦးကလည်း သားဖြစ်သာ အောင်ရဲထွေးနဲ့ပတ်သက်ပြီး “သူက သားအငယ်ဆုံး အငယ်ဆုံးဆိုတော့ အချစ်ဆုံးလေးပဲပေါ့ ဟုတ်တယ်မလား။ မိဘစကားလည်းနားထောင်တယ်။ သူရဲ့ အနပညာကြေးတွေရတယ်ဆိုရင် သူက တစ်ပြားမှမသုံးဘူး မိဘကို အကုန်ပေးတာ။ သနားတယ် အရမ်းနှမြောတယ် သူ့ကိုယနေ့အထိ မမေ့နိုင်ဘူးဖြစ်နေတာ အဲ့တော့ပဲ ပြောချင်ပါတယ်။”လို့ပြောခဲ့ပါတယ်။

အောင်ရဲထွေးနဲ့ပတ်သက်ပြီး ရှိခဲ့တဲ့တဲ့ အမှတ်တရာတွေကို အစ်ကိုဖြစ်သူသန့်ဇင်ဦးက”သူ့ကိုကျွန်တော်က မဆုံးခင်မှာ သူနဲ့ကျွန်တော်နဲ့ စိတ်ဆိုးတယ်ပေါ့နော်။ တစ်ခြားတော့မဟုတ်ဘူး သူလုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ Production Houseတစ်ခုထောင်စေချင်တယ်ပေါ့နော်။ ရတဲ့ဘတ်ဂျက်ထဲကနေပြီးတော့ ရာခိုင်နှုန်းတစ်ခုကို Production Houseတစ်ခုထောင်စေချင်တယ်။ အဲ့တိုင်းဖြစ်စေချင်တယ် သူ့ရဲ့ဝန်တွေပေါ့သွားအောင် သူ့ရဲ့ တာဝန်တွေပေါ့သွားအောင် သူလုပ်တဲ့ဟာလေးတွေကို သူပေါ့ပေါ့ပါးပါးလေးလုပ်နိုင်အောင်လို့ ကျွန်တော်က ဒါမျိုးအကြံပြုတာ သဘောထားချင်းမတိုက်ဆိုင်လို့ စိတ်ဆိုးပြီး စကားမပြောဖြစ်တာ။အဲ့တာလေးကတော့ နောက်ဆုံးအမှတ်တရလေးပေါ့။

အောင်ရဲထွေးကို ချစ်တဲ့ သူငယ်ချင်းတွေ သူ့ရဲ့ပရိသတ်တွေကို ကျွန်တော်ဒီကနေ တစ်ဦးချင်းဆီတိုင်းကို အများကြီး ကျေးဇူးတင်ပါတယ်လို့။ အားလုံးကိုလည်း လေးစားပါတယ် သူ့အတွက်အားလုံးရပ်တည်ပေးခဲ့တဲ့အတွက်ကြောင့်။ ကတိပြုပေးခဲ့တဲ့အတွက်ကြောင့် ဆက်ပြီးတော့လည်း သူမရှိတော့ဘူးဆိုပေမဲ့ သတိရပေးပါလို့ ကျွန်တော်ဒီကနေ ပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။credit-ပြောချင်လွန်းလို့

Comments are closed.