“မောင်မင်းလူကလေး” လို့ မာန်ပါ ပါခေါ်တက်တဲ့ သခင်ကြီးရဲ့ သက် စွန့်ဆံဖျား ဖြတ်သန်းခဲ့ရတဲ့ ဘဝြ ဖစ်စဉ်

“မောင်မင်းလူကလေး” လို့ မာန်ပါ ပါခေါ်တက်တဲ့ သခင်ကြီးရဲ့ သက် စွန့်ဆံဖျား ဖြတ်သန်းခဲ့ရတဲ့ ဘဝြ ဖစ်စဉ်

ဗီဒီယို ခေတ်တစ်ခုရယ်လို့ ဖြစ်နေချိန်က တော်လှန်ရေးကားတွေ၊ မျိုးချစ်စိတ်ကို နှိုးကြားစေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်ရာမှာ မျက်နှာဖြူ အရေးပိုင်မင်းအဖြစ် ပါဝင်သရုပ်ေ ဆာင်ခဲ့တဲ့ “သခင်ကြီး” (ခေါ်) ဦးစံမြင့်ဟာ ငယ်စဉ်ကတည်းကဘ၀ ကို ခက်ခက်ခဲခဲ ကြိုးစား ရုန်း ကန်ရင်း သက်စွန့်ဆံဖြားကြီးပြင်းလာရတဲ့ အကြောင်းလေးတွေကို ပြောပြခြင်ပါတယ်။ သခင်ကြီးမှာ ပရိသတ်တွေမသိသေးတဲ့ မြန်မာပြည်သူတွေကို စွန့်စွန့်စားစားကယ်တင်ခဲ့တဲ့ သမိုင်းကြောင်းတွေ၊ မြန်မာ့စစ်တပ်နဲ့အတူ တိုက်ပွဲတွေများစွာကို စွန့်စွန့်စားစား ဝင်ရောက် တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ သခင်ကြီးဟာ ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်တပ် နှင့်အတူ ပါလာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦး နဲ့ မြန်မာအမျိုးသမီး တို့က မွေးဖွား လာခဲ့တဲ့ ကပြားတစ်ဦးဖြစ်ပါတယ်။





သူဟာ မြင်စီးရာမှာလဲ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သူဖြစ်တာကြောင့် အောင်ပန်း အမြှောက်တပ်မှာ တာဝန်ထမ်းဆောင်စဉ်က အောင်ပန်းကိုရုပ်ရှင်လာရိုက်တဲ့ ရုပ်ရှင်မင်းသား တင်ညွန့်၊ ရွှေဘတို့အဖွဲ့နှင့် ခင်မင်ခဲ့ကြပြီး မြင်းစီးဇာတ်ဝင်ခန်းများ ပိုမိုအသက်ဝင် စေရန် ဦးစံမြင့်က များစွာအကူအညီပေးခဲ့တယ်လို့ လဲ သိရပါတယ်။ အဲ့ဒီနောက်ပိုင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တာဝန်ထမ်းဆောင် နေစဉ် မင်းသား တင်ညွှန့်အဖွဲ့ နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းလာခဲ့တဲ့ အတွက် ”ရန်သူကို ဘာမထီ” ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင် ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျရာဇာတ်ရုပ်များမှာ သရုပ်ဆောင်လာခဲ့ပြီး နောက်ပိုင်း အင်္ဂလိပ်အရေးပိုင်အဖြစ် နဲ့ ရုပ်ရှင်ကားတိုင်းမှာ သရုပ်ဆောင်လာခဲ့တာလဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် “မောင်မင်း လူကလေး” ဆိုတဲ့ ခေါ်သံလေးနဲ့ သခင်ကြီး အဖြစ်ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ကြီးပေါင်း ၃၄ ကားခန့် နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝဝ ကျော်ခန့် ကို ရိုက်ကူးပုံဖော်ခဲ့တာဘဲ ဖြစ်ပါတယ်။


May Phyo(mml)
Source – တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)

Comments are closed.