ယာဉ်တိုက်မှုဖြစ်တာကို လိမ်ပြောခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး

ယာဉ်တိုက်မှုဖြစ်တာကို လိမ်ပြောခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး

ပရိသတ်တွေအတော်လေးစိတ်ပူခဲ့ရတဲ့ ဆုမြတ်နိုးဦးရဲ့ ယာဉ်မတော်တဆမှုမှာ သူမကား တစ်စီး လုံး ပျက်ဆီးဆုံးရှုံးခဲ့ပေမယ့် သူမကလက်ကျိုးတာလေးဘဲ ဖြစ်ခဲ့တယ် ဆိုတဲ့အကြော င်းကို ပြောပြခဲ့ပါတယ်။ သူမဟာ ပရိသတ်ကိုချပြချိန်မှာ ဖြစ်ပြီးလို့ ၁၀ရက်ကြာနေချိန်ဖြစ်ပြီး ဆေးရုံကဆင်းတဲ့အချိန်လဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က လဲ သူမ ဆေးရုံမှာ ဆရာဝန်တွေကို လိမ်ပြောမိခဲ့တယ်လို့ ဆိုပြီး လိမ်ပြောမိတဲ့အကြောင်းအရင်းကိုလဲ ပြောပြလာပါတယ်။

သူမပြောပြခဲ့တာကတော့ ” လက်ကတော်တော်လေးတော့ကောင်းနေပါပြီ ။ အလေးအပင်မ လို့မရသေးတာတစ်ခုဘဲ သတိတော့ထားနေရတယ် ။အက်စီးဒင့်ဖြစ်ပြီး နောက်တစ်ပတ်မှာ ကားရိုက်ဖို့ ပြောထားပေမယ့် အဲ့ဒါတော့ဖျက်လိုက်ရတယ် ။ တစ်လလောက်တော့ နားလိုက် ရတယ်။ ခုသက်သာတဲ့အချိန်နဲ့ ဒီကားရိုက်ဖို့ဖြစ်လာတာနဲ့ ကွက်တိဖြစ်သွားလို့ပါ ” လို့ဆိုပြီး အဆောင် အိမ်မက်နိဒါန်း ရုပ်သံဇာတ်လမ်းတွဲရဲ့ ကန်တော့ပေးပွဲမှာပြောပြခဲ့တာပါ။


” ကံကောင်းထောက်မစွာနဲ့ ကားကတော့ အရမ်းဖြစ်သွားတယ်မြင်တဲ့သူတိုင်းက ကားထဲက လူသေပြီလို့ထင်ကြတယ် လက်ကျိုးတာလေးဘဲ ဖြစ်သွားတာဆိုတော့ ငါတော်သေးတယ် ဘာမှသိပ်မဖြစ်သွားဘူးဆိုပြီးအဲ့လောက်ပါဘဲ ညာဘက်လက်ဖြစ်တာဆိုတော့ ဖြစ်ဖြစ်ချင်းက ဖုန်းသုံးလို့လဲမရတော့ ဖေ့ဘုတ်ပေါ်မတင်ဖြစ်ဘူး ”


ဖတ်ရှု့ပေးသူအားလုံးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော် ။

May Phyo(mml)
Source – momolay tv

Comments are closed.