ဝါသနာပါတဲ့ဂီတနဲ့ အမေအတွက် သီဆိုယှဉ်ပြိုင်သွားတဲ့ MM Idol ပြိုင်ပွဲဝင် တန်ခွန်ကျော်

ဝါသနာပါတဲ့ဂီတနဲ့ အမေအတွက် သီဆိုယှဉ်ပြိုင်သွားတဲ့ MM Idol ပြိုင်ပွဲဝင် တန်ခွန်ကျော်

တစ်နှစ်တစ်ခါ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျော်ကြည့်ရှုအားပေးကြတဲ့ Myanmar Idol ပြိုင်ပွဲကြီးက အခုဆိုရင် Season 4 အထိ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Myanmar Idol ပြိုင်ပွဲကြီးမှာ အနယ်နယ်၊ အရပ်ရပ်က ဂီတဝါသနာရှင်တွေက လာရောက်ယှဉ်ပြိုင်ကြပြီး ဒိုင်တွေရဲ့ စိတ်အာရုံကို အမျိုးမျိုး ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်က အခက်အခဲများစွာကနေ လာရောက်ယှဉ်ပြိုင်ခဲ့ရင်း အားလုံးရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

တန်ခွန်ကျော်က သူ့ဘဝရဲ့ မီးအိမ်ရှင်ဖြစ်သူ အမေအတွက် ရည်ရွယ်ပြီး “မေမေ” သီချင်းလေးနဲ့ ယှဉ်ပြိုင်ရင်း ဒိုက်တွေနဲ့ ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝါသနာပါတဲ့ဂီတနဲ့ အမေအတွက် သီဆိုယှဉ်ပြိုင်သွားတဲ့ MM Idol ပြိုင်ပွဲဝင် တန်ခွန်ကျော်

တန်ခွန်ကျော်ကတော့ ရင်ထဲက ခံစားချက်အစစ်အမှန်နဲ့ စူးစူးနစ်နစ် သီဆိုခဲ့တာကြောင့် အားလုံးကို အကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ကို ဆက်ပြီး အားပေးကြပါဦးနော်။

Rowena
Source: Myanmar Idol

Comments are closed.