သမီးလေး ရက်(၁၀၀)ပြည့်တဲ့နေ့မှာ အလုပ်ကိစ္စတွေ ကြော င့်အနားမှာမရှိနိုင်တဲ့အတွက် မိန်းမဖြစ်သူကို တောင်းပန်စကားဆိုရင်း သမီးလေးအတွက်လည်း မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နက္ခတ်

ပရိသတ်ကြီးရေ နက္ခတ်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချောလေးပဲဖြစ် ပါတယ်။ မနေ့က ဒီဇင်ဘာလ (၂၉)ရက်နေ့လေးကတော့ နက္ခတ်ရဲ့သမီးလေး ရက်(၁၀၀)ပြည့်မွေးနေ့ကျရောက်တြံ နေ့ရက်လေးပဲဖြစ်ပါ တယ်။ နက္ခတ်ကတော့ သမီးလေးရဲ့ ရက်(၁၀၀)ပြည့်နေ့လေးမှာ မိသားစုနဲ့အတူမရှိနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “မိန်းမရေ ဒီနေ့ က ကိုယ်တို့ နှစ်ယောက်ရဲ့ သမီးလေးရက်(၁၀၀)ပြည့် မွေးနေ့လေးနော်။ကိုယ်က အခုချိန်မှာ မိန်းမနဲ့သမီးလေးရဲ့ရှေ့ရေးအတွက် အလုပ်ကြိုးစားရဖို့အဝေး တစ်နေရာကို ရောက်နေပေမဲ့ ကိုယ့်စိတ်တွေ နှလုံးသားတွေက ကိုယ့်မိန်းမနဲ့သမီးလေး အနားမှာတစ်ချိန်လုံးရှိနေတာပါ။

ကိုယ်နဲ့ မင်းနဲ့ အတူတူ ဖြတ်သန်း ခဲ့ကြတဲ့ အိမ်ထောင် (၅)နှစ်ကာလအတွင်းမှာ မင်းကိုယ့်အပေါ်မှာနားလည်ပေးနိုင် မှုတွေက ကိုယ်ဘယ်လို ဘဲ တွေးတွေး ရင်နဲ့ မဆံ့ အောင် များပြားလွန်းပါတယ်။ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်တို့ ကြုံတွေ့ ခဲ့ရတာတွေက သိပ်ကိုခါး သီး လွန်းပါတယ်။

ဘဝဆိုတာ လောကဓံရှစ်ပါးကို ကောင်းကောင်းကြီးခံရမယ်ဆိုတာ ကိုယ်သိပေမဲ့ တကယ်လက်တွေ့ ခံစားရတဲ့အချိန် ကျတော့ တော်တော် ကို နာကျင်ရတယ် ။မိန်းမရယ် ကိုယ်မင်းနဲ့အတူတူ ရှေ့ဆက်မဲ့ဘဝခရီးအတွက် လိုအပ်တဲ့ အရာတွေကို ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိတာထက်ပိုပြီး ကိုယ်ကြိုးစားမှာပါ။နာကျင်မှုတွေ နာကျင်စရာတွေ နဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ မိန်းမနဲ့သမီးလေး က ကိုယ့်အတွက် ဘုရားပေးတဲ့ ဆုလာဘ်ပါ။

Advertisement

ကိုယ်မင်းနဲ့ မတွေ့ခင် အချိန်ကာလတစ်ခုမှာ ကိုယ်နေထိုင်ခဲ့တဲ့ပုံစံကို မင်းနဲ့တွေ့ပြီးမှ ကိုယ် အစစအရာရာ ပြောင်းလဲနိုင်ခဲ့တယ်။ ဒီထက်ပိုပြီး ကောင်းသောပြောင်းလဲခြင်းတွေနဲ့တည်ရှိဖို့ ကိုယ် ကြိုးစားနေမှာပါ။ ဒီနေ့ ရက်၁၀၀ ပြည့်မွေးနေ့လေးမှာ သမီးလေးရဲ့ ဘဝတစ်လျှောက်လုံး အစစအရာရာ အဆင်ပြေ ချောမွေ့ ပြည့်စုံပါစေလို့ ဖေဖေ ဆုတောင်းပေးပါတယ်။ သမီးလေးရဲ့ ဖေဖေ နက္ခတ်”ဆိုပြီး သမီးလေး ရက်( ၁၀၀)ပြည့်တဲ့နေ့မှာ အလုပ်ကိစ္စတွေကြောင့်အနားမှာမရှိနိုင်တဲ့အတွက် မိန်းမဖြစ်သူကိုတောင်းပန်စကားဆိုရင်း သမီးလေးအတွက်လည်း မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

Source – နက္ခတ်
Chilli – CeleZone

[zawgyi]

ပရိသတ္ႀကီးေရ နကၡတ္ကေတာ့ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသားေခ်ာေလးပဲျဖစ္ ပါတယ္။ မေန႔က ဒီဇင္ဘာလ (၂၉)ရက္ေန႔ေလးကေတာ့ နကၡတ္ရဲ႕သမီးေလး ရက္(၁၀၀)ျပည့္ေမြးေန႔က်ေရာက္ႀတံ ေန႔ရက္ေလးပဲျဖစ္ပါ တယ္။ နကၡတ္ကေတာ့ သမီးေလးရဲ႕ ရက္(၁၀၀)ျပည့္ေန႔ေလးမွာ မိသားစုနဲ႔အတူမရွိႏိုင္တဲ့အတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။

Advertisement

သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနလည္း “မိန္းမေရ ဒီေန႔ က ကိုယ္တို႔ ႏွစ္ေယာက္ရဲ႕ သမီးေလးရက္(၁၀၀)ျပည့္ ေမြးေန႔ေလးေနာ္။ကိုယ္က အခုခ်ိန္မွာ မိန္းမနဲ႔သမီးေလးရဲ႕ေရွ႕ေရးအတြက္ အလုပ္ႀကိဳးစားရဖို႔အေဝး တစ္ေနရာကို ေရာက္ေနေပမဲ့ ကိုယ့္စိတ္ေတြ ႏွလုံးသားေတြက ကိုယ့္မိန္းမနဲ႔သမီးေလး အနားမွာတစ္ခ်ိန္လုံးရွိေနတာပါ။

ကိုယ္နဲ႔ မင္းနဲ႔ အတူတူ ျဖတ္သန္း ခဲ့ၾကတဲ့ အိမ္ေထာင္ (၅)ႏွစ္ကာလအတြင္းမွာ မင္းကိုယ့္အေပၚမွာနားလည္ေပးႏိုင္ မႈေတြက ကိုယ္ဘယ္လို ဘဲ ေတြးေတြး ရင္နဲ႔ မဆံ့ ေအာင္ မ်ားျပားလြန္းပါတယ္။ျဖတ္သန္းခဲ့တဲ့ အခ်ိန္ကာလတစ္ခုမွာ ကိုယ္တို႔ ႀကဳံေတြ႕ ခဲ့ရတာေတြက သိပ္ကိုခါး သီး လြန္းပါတယ္။

ဘဝဆိုတာ ေလာကဓံရွစ္ပါးကို ေကာင္းေကာင္းႀကီးခံရမယ္ဆိုတာ ကိုယ္သိေပမဲ့ တကယ္လက္ေတြ႕ ခံစားရတဲ့အခ်ိန္ က်ေတာ့ ေတာ္ေတာ္ ကို နာက်င္ရတယ္ ။မိန္းမရယ္ ကိုယ္မင္းနဲ႔အတူတူ ေရွ႕ဆက္မဲ့ဘဝခရီးအတြက္ လိုအပ္တဲ့ အရာေတြကို ကိုယ့္မွာရွိတဲ့ ကိုယ္စြမ္းဉာဏ္စြမ္း ရွိတာထက္ပိုၿပီး ကိုယ္ႀကိဳးစားမွာပါ။နာက်င္မႈေတြ နာက်င္စရာေတြ နဲ႔ျပည့္ေနတဲ့ ဒီေလာကႀကီးထဲမွာ မိန္းမနဲ႔သမီးေလး က ကိုယ့္အတြက္ ဘုရားေပးတဲ့ ဆုလာဘ္ပါ။

ကိုယ္မင္းနဲ႔ မေတြ႕ခင္ အခ်ိန္ကာလတစ္ခုမွာ ကိုယ္ေနထိုင္ခဲ့တဲ့ပုံစံကို မင္းနဲ႔ေတြ႕ၿပီးမွ ကိုယ္ အစစအရာရာ ေျပာင္း လဲႏိုင္ခဲ့တယ္။ ဒီထက္ပိုၿပီး ေကာင္းေသာေျပာင္းလဲျခင္းေတြနဲ႔တည္ရွိဖို႔ ကိုယ္ ႀကိဳးစားေနမွာပါ။ ဒီေန႔ ရက္၁၀၀ ျပည့္ေမြးေန႔ေလးမွာ သမီးေလးရဲ႕ ဘဝတစ္ေလွ်ာက္လုံး အစစအရာရာ အဆင္ေျပ ေခ်ာေမြ႕ ျပည့္ စုံပါေစလို႔ ေဖေဖ ဆုေတာင္းေပးပါတယ္။ သမီးေလးရဲ႕ ေဖေဖ နကၡတ္”ဆိုၿပီး သမီးေလး ရက္( ၁၀၀)ျပ ည့္တဲ့ေန႔မွာ အလုပ္ကိစၥေတြေၾကာင့္အနားမွာမရွိႏိုင္တဲ့အတြက္ မိန္းမျဖစ္သူကိုေတာင္းပန္စကားဆိုရင္း သမီးေလးအ တြက္လည္း ေမြးေန႔ဆုေတာင္းေပးထားခဲ့ပါတယ္။

Advertisement

Source – နကၡတ္
Chilli – CeleZone

Be the first to comment

Leave a Reply

Your email address will not be published.


*