ပထမဆုံးလေ့ကျင့်ရေးဆင်းတဲ့အချိန်မှာပဲ မူစတာဖီကို အရူးလုပ်ပြခဲ့တဲ့ တီယာနေးရဲ့သဘောကျစရာစကေး

ပထမဆုံးလေ့ကျင့်ရေးဆင်းတဲ့အချိန်မှာပဲ မူစတာဖီကို အရူးလုပ်ပြခဲ့တဲ့ တီယာနေးရဲ့သဘောကျစရာစကေး

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ စကော့တလန်လက်ရွေးစင်နောက် ခံလူတီယာနေးကို ဆဲလ်တစ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တီယာနေး ရဲ့ခြေစွ မ်းကောင်းတွေကြောင့် အလားအလာရှိတဲ့ လူငယ်အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါပေမဲ့ တီယာနေးဟာ ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ထားပြီး တစ်ပွဲမှ ဝင်ရောက်ကစားထားနိုင်ခြင်း မရှိသေးပါဘူး။


အထူးသဖြင့် တီယာနေးဟာ အသင်းရဲ့ဝါရင့်နောက်ခံလူမူစတာဖီရဲ့ ပေါင်ကြားထဲကိုထည့်ခဲ့ပြီး အရူးလုပ်ပြသွားခဲ့တာပါ။ တီယာနေးရဲ့အဲဒီလုပ်ရပ်ကို အာဆင်နယ်အသင်းဖော်တွေက သေ ဘာ ကျခဲ့ တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

တီယာနေးအနေနဲ့ အာဆင်နယ်အသင်းမှာ ဘယ်လောက်အထိ တောက်ပနိုင်မလဲဆိုတာ ကတော့ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တီယာနေးရဲ့စကေးဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။

မူစတာဖီကို အရူးလုပ်ခဲ့တဲ့ တီယာနေး

Ref: Sportbible
Oz11(မိုမိုလေး)

Comments are closed.