သူသိထားတဲ့ စီရော်နယ်ဒိုဟာ ဘယ် လိုလူစားမျိုးလဲဆိုတာ မကွယ်မဝှက် ဘဲ ဒဲ့ပြောပြလိုက်ပြီဖြစ်တဲ့ မော်ရင်ဟို

သူသိထားတဲ့ စီရော်နယ်ဒိုဟာ ဘယ် လိုလူစားမျိုးလဲဆိုတာ မကွယ်မဝှက် ဘဲ ဒဲ့ပြောပြလိုက်ပြီဖြစ်တဲ့ မော်ရင်ဟို

မော်ရင်ဟိုကတော့ သူသိထားတဲ့ စီရော်နယ်ဒိုဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ မချွင်းမချန်နဲ့ ပွင့်ပွင့်လင်းလင်းပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ စီရော်နယ်ဒိုတို့ဟာ ရီးရဲမက် ဒရစ်အသင်းမှာ အတူလက်တွဲပြီး အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့သူတွေပါ။ ဒါကြောင့် မော်ရင် ဟိုဟာ စီရော်နယ်ဒိုရဲ့အကြောင်းကို ကောင်းကောင်းသိရှိထားသူလို့ပြောရင် မမှားပါဘူး။ စီရော်နယ်ဒိုရဲ့လေ့ကျင့်ရေးကွင်းက ကြိုးစားမှုတွေက မော်ရင်ဟိုကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

မခိုမကပ်ကြိုးစားလွန်းပြီး ကြိုးစားမှုရဲ့ပြယုဂ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ စီရော်နယ်ဒို တစ်ယောက် Ballon d’Or ဆု (၅) ကြိမ်အထိရယူနိုင်ခဲ့တာ သူ့အနေနဲ့ အံ့အားမသင့်မိဘူးလို့ မော်ရင်ဟိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက “လေ့ကျင့်ရေးကွင်းမှာ သူရဲ့ကြိုးစားမှုတွေကို မြင်လိုက်ရတဲ့အခါ စီရော်နယ်ဒို ရဲ့အောင်မြင်မှုတွေကို ကျွန်တော်မအံ့သြတော့ပါဘူး။ (၃၄) နှစ်အရွယ်မှာတောင် သူက ကမ္ဘာပေါ်မှာ ထိပ်ဆုံးမှာရှိနေတုန်းပဲ။ သူ့ရဲ့စိတ်ဓာတ်ပိုင်းက အရမ်းကြံ့ခိုင်သန်မာလွန်းတယ်။

စီရော်နယ်ဒိုက နိုင်ပွဲတွေအကြောင်းပဲ တွေးနေတတ်တဲ့သူစားမျိုး။ စံချိန်တွေချိုးဖို့အကြောင်းပဲ တွေးနေတတ်တဲ့သူစားမျိုး။ အောင်မြင်မှုတွေရပြီး ပိုကောင်းတဲ့ကစားသမားဖြစ်လာအောင်ပဲ တွေးနေတတ်တဲ့သူစားမျိုး။ သူက တကယ့်ကို လူထူးဆန်းတစ်ယောက်ပါ။

တကယ်လို့ သူအသက် (၅၀) အရွယ်ရောက်လို့ အိမ်မှာအေးအေးဆေးဆေး အနားယူနေတဲ့ အခါမျိုးမှာပေါ့။ အဲဒီအချိန် ဖီဖာက ဂန္ထဝင်ကြီးတွေရဲ့ပွဲတွေ ကစားဖို့ သူ့ကိုဖိတ်ခေါ်လိမ့်မယ်။ အဲဒီအချိန်ကျရင် စီရော်နယ်ဒိုက ကစားပေးမှာဖြစ်ပြီး ဂိုးလည်းသွင်းယူနိုင်လိမ့်မယ်လို့ ကျွန်ေ တာ်ရဲရဲကြီးအားမခံပါတယ်”လို့ မော်ရင်ဟိုက ရွှန်းရွှန်းဝေချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Ref: Sportbible
Oz11(မိုမိုလေး)

Comments are closed.