ညစ်တွန်းရုပ်ရှင်ကားကြီး Red Carpet Show မှာ တွေ့ရတဲ့ အနုပညာရှင်များ

ညစ်တွန်းရုပ်ရှင်ကားကြီး Red Carpet Show မှာ တွေ့ရတဲ့ အနုပညာရှင်များ

ဒိတ်ဒိတ်ကြဲအနုပညာရှင် ၄ဦးတို့ပါဝင်ရိုက်ကူးထားတဲ့ အခြေခံလူတန်းစားတို့ရဲ့ ညစ်တွန်း တွန်းတက်ကြတဲ့ သဘာဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ညစ်တွန်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ပေါ်လွင်အောင် ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ လူသားတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အကြာင်းအရာတွေကို ဦးစားပေးရိုက်ကူးထားတာမိုှု အောက်ခြေလူတန်းစားတွေကလဲ ညစ်တွန်း တွန်းတက်သလို၊ချမ်းသာတဲ့သူတွေလဲ တွန်းတက်ပါတယ်။ အဲ့လိုဘဲ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ညစ်တွန်းတွန်းဆက်ကြတဲ့ အချိန်အခါတွေဆိုတာ ရှိပါတယ်။

သို့ပေမယ့်ကောင်းသော တွန်းခြင်းမျိုးဖြစ်ဖို့နဲ့ ကိုယ့်ကြောင့် သူများဒုက္ခမရောက်စေဖို့ အရေးကြီးတယ်ဆိုတာကို ပညာပေးအဖြစ်ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။ အဆိုပါရုပ်ရှ င်ဇာတ်ကားကြီးကို ဧဝရတ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဘတ်ဂျတ် သိန် ၂၀၀၀ ထောင်ကျော်ခန့် အကုန်ခံပြီး သရုပ်ဆောင် အကယ်ဒမီ လူမင်း က ဒါရိုက်တာအဖြစ်တာဝန်ယူခါ ရိုက်ကူး ထားတာဖြစ်တယ်လို့ သိရပါတယ် ။

အဆိုပါ ” ညစ်တွန်း “ရုပ်ရှင်ဇာတ်ကားကြီး အကယ်ဒမီ လူမင်း ၊အကယ်ဒမီ ပြေတီဦး ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အလှမယ် ထက်ထက်ထွန်း တို့နှင့် အတူ အခြားသော အနုပညာရှင်များစွာ လဲ ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့စေမယ် ထင်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Comments are closed.