ကလေးသီချင်းလေးနဲ့ အကလေ့ကျင့်နေကြတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ရဲ့ ချစ်စရာ ဗီဒီယို

ကလေးသီချင်းလေးနဲ့ အကလေ့ကျင့်နေကြတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ရဲ့ ချစ်စရာ ဗီဒီယို

မိန်းကလေးပရိသတ်တွေ သဲသဲလှုပ်အားပေးကြတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နဲ့ ပုရိသကိုကိုတို့ရဲ့ နှလုံးသားလေးဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးတို့နှစ်ဦးကတော့ လက်ရှိမှာ ကြော်ငြာရိုက်ကူးရေးတွေအတွက် ခဏခဏ အတူဆုံနေကြတာပါ။ လတ်တလော မှာတော့ ကြော်ငြာတစ်ခုအတွက် အကလေ့ကျင့်နေကြတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ရဲ့ ချစ်စရာဗီဒီယိုလေး တစ်ခုက လူမှုကွန်ယက်မှာ နာမည်ကြီးနေတာ တွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ ဖွေးစိန်လေးရော ပိုင်တံခွန်ပါ ကလေးလေးတွေလို ပေါ့ပေါ့ပါးပါးနဲ့ အရမ်းချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကြော်ငြာရိုက်ကူးရေး တစ်ခုအတွက် အတိုင်အဖောက်ညီညီ အကတိုက်နေကြတဲ့ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ရဲ့ ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါဗီဒီယိုလေးကိုတော့ ပိုင်တံခွန်ရဲ့ဓာတ်ပုံဆရာက အမှတ်တရအနေနဲ့ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ နှစ်ယောက်လုံးကလည်း တစ်ဦးနဲ့တစ်ဦး မောင်နှမတွေလို ခင်ခင်မင်မင်ရှိတာမို့ ကြော်ငြာရိုက်ကွင်းက ပျော်စရာကြီး ဖြစ်နေတာပါနော်။

ကလေးသီချင်းလေးနဲ့ အကတိုက်နေတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ရဲ့ဗီဒီယို

ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ အနုပညာမောင်နှမနှစ်ဦးကတော့ မကြာခဏဆိုသလို ရိုက်ကူးရေးတွေ မှာ အတူဆုံတွေ့ရတတ်ပြီး ရင်းရင်းနှီးနှီး တွေ့မြင်ရလေ့ရှိပါတယ်။ ပိုင်တံခွန်ကတော့ လတ်တေ လာမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအထိပါ အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ မကြာခဏဆိုသလို ထိုင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံလေ့ရှိပါတယ်။ မိုမိုလေး ချစ် ပရိသတ်တွေလည်း ပိုင်တံခွန်နဲ့ ဖွေးစိန်လေးတို့ရဲ့ အကဗီဒီယိုလေးကို သဘောကျရင် အချင်းချင်း ဝေမျှသွားကြပါဦးနော်။

Myint Myat
Source;Htet Paing Ye’s Facebook

Comments are closed.